"ဟဲ့နင်သွားပြောလိုက်လေ"
"ငါမပြောရဲဘူး နင်သွားပြော"
ကောင်မလေးတစ်စုသည်ကိစ္စတစ်ခုအားသူလုပ်ငါလုပ်နဲ့ငြင်းခုန်နေကြတယ်။တက္ကသိုလ်မှာလေ့လာရေးအနေနဲ့တခြားကျောင်းတစ်ခုကိုသွားဖို့အစီအစဉ်ရှိလေသည်။
လေ့လာရေးကိစ္စအတွက် ဒီပါ့အားသူပြောငါပြောဖြစ်နေကြတယ်။
ဒီပါသည်သူ့အားအာရုံနောက်အောင်လုပ်ရင် ဘယ်သူဖြစ်ဖြစ်အော်ထုတ်တတ်သည်လေ။နောက်ဆုံးကောင်မလေးတစ်ယောက်မရဲတရဲနဲ့ ဒီပါ့စီသွားလိုက်တယ်
"ဟို..ဟိုလေ..စောမြတ်ဒီပါရှင့်..မေဂျာအသီးသီးကလေ့လာရေးခရီးထွက်မှာဆိုတော့ လိုက်မှာဆိုစာရင်းပေးလို့ရတယ် လိုက်မှာလား""ကျစ်"(ဒီပါစိတ်ရှုပ်ဟန်ဖြင့်ကျစ်ခနဲ့သက်ကာ)
"မလိုက်ဘူး" ဟုခပ်ပြက်ပြက်ပြန်ပြောလိုက်တယ်။
သူမှအာရုံနောက်စရာတွေမကြိုက်ဘဲဒီပါသည်သူများတွေအားမလိုဘဲစကားမပြော
ခပ်တည်တည်နေတတ်သည့်အမျိုးသားဖြစ်သည်။သူ့နာမည်ကစောမြတ်ဒီပါမောင် အသက်က၂၁နှစ်။
ဒီပါဟာငယ်ငယ်တည်းကမိဘတွေရဲ့လျစ်လှူရှုမှုကို
ခံရသူပီပီ အထီးကျန်စွာကြီးပြင်းလာသူဖြစ်သည်
သူငယ်ချင်းပင်မရှိ ရေပေါ်ဆီတွေကိုသဘောမကျတာကြောင့်မည်သူနှင့်မျှအပေါင်းအသင်းမလုပ်
******************************
ကျောင်းဆင်းတော့ ဒီပါသူ့ကိုယ်ပိုင်ကွန်ဒိုကိုသာပြန်လာလိုက်တယ်သူ့ရောက်ပြီးခဏအကြာသူ့ဆီဖုန်းဝင်လာတယ်
ဒီပါလည်းဖုန်းခေါ်ဆိုသူကိုကြည့်ပြီးဖုန်းကိုကိုင်လိုက်တယ်
"ဟယ်လို"
"ဟယ်လို...စောမြတ်ဒီပါမောင်"
ဖုန်းထဲကနေသက်လတ်ပိုင်းလူကြီးတစ်ယောက်ရဲ့ ခပ်ပြတ်ပြတ်အသံထွက်လာတယ်"ငါအခု ရန်ကုန်ကိုရောက်နေတယ်
ကုမ္ပဏီကိစ္စနဲ့ ညနေကျရင် dinnerပွဲရှိတယ်
အဲ့ဒါဆက်ခံသူအနေနဲ့မိတ်ဆက်ဖို့မင်းလာရမယ်""အဖေတို့ရဲ့စီးပွားရေးကိစ္စတွေကိုကျွန်တော်
စိတ်မဝင်စားဘူး လာဖို့လည်းမမျှော်လင့်ပါနဲ့
ကျွန်တော် လေ့လာရေးသွားစရာရှိတယ်
ဖုန်းချလိုက်တော့မယ် နှုတ်ဆက်ပါတယ်"
ဒီပါသူ့အဖေနဲ့ဖုန်းပြောနေတာကိုချလိုက်ပြီး
သူ့အတန်းပိုင်ဆရာမကိုဖုန်းဆက်လိုက်တယ်
"ဟယ်လို..ဆရာမ ကျွန်တော် စောမြတ်ဒီပါပါ
လေ့လာရေးသွားမယ့်ကိစ္စစာရင်းပေးချင်လို့ပါ"
ဆရာမကိုဒီပါပြောလိုက်တယ်
"ရတယ်သား ဆရာမစာရင်းမှတ်လိုက်မယ်"
"ဟုတ်ကဲ့ပါ"
ဒီပါဖုန်းချပြီးအိပ်ရာပေါ်လှဲလိုက်တယ်....ပြီးတော့သက်ပြင်းရှည်ကြီးကချကာ..စိတ်ညစ်လျက်ပေါ့...
သူ့အဖေကြောင့်လည်းပါသလို မသွားချင်တဲ့လေ့လာရေးကြောင့်လည်းပါတယ်
ဆက်တွေးတော့ဘဲမျက်လုံးမှိတ်ထားလိုက်တော့တယ်တိုသွားခဲ့ရင်ခွင့်လွှတ်ပါ
Meadiaကပုံတွေအတွက်pintrestအားcrdပါ
#juju
#Hlaine
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...