“ကဲ ကလေးတို့ တိတ်တိတ်လေးနေမယ် တီချယ့်ကိုအာရုံစိုက်ကြ”
တီချယ်ကပြောလာသည်မို့ ဝသုန်တို့လည်းစကားပြောတာကိုရပ်ကာ တီချယ်ဆီကိုသာအာရုံစိုက်လိုက်ကြတယ်“အခု..တီချယ်ကကလေးတို့ရဲ့ project resultsတွေကိုပြောပြပေးမယ် တီချယ်နာမည်ကိုခေါ်တဲ့ကလေးတွေ မတ်တပ်ရပ်ပေးမယ်နော်”
“ပထမဆုံးတစ်ယောက် ထူးထူးထက် သမီး Bရတယ်နော် နောက်တစ်ခါကျရင်ပိုကောင်းအောင်လုပ်...”
“ဟုတ်ကဲ့ တီချယ်”
“သမီးထိုင်လို့ရပြီနော် ကဲ နောက်တစ်ယောက် ညှို့ထက်နွယ်”
နွယ်ဦးလည်းဆရာမကသူ့နာမည်ကိုခေါ်လာတာမို့ မတ်တပ်ရပ်ရတော့တယ်“ညှို့ထက်နွယ်ကတော့ အရင်တိုင်းAပဲ တစ်ချို့နေရာတွေမှာတော့လိုသေးတယ်နော် ”
“ဟုတ်ကဲ့ပါရှင့်”
“နောက်တစ်ယောက် ခက်ရှားထန်”
“ခက်ရှားထန်ကတော့ ဒီတစ်ခေါက်အရမ်းတိုးတက်လာတယ်နော် Bရတယ် ဒီအတိုင်းလေးထပ်ကြိုးစားမယ်နော်"
“ဟုတ်ကဲ့ တီချယ်"
တိုးတက်လာတဲ့ရှားခက်ကိုဝသုန်တို့တွေလက်မထောင်ပြလိုက်တယ်“သဒ္ဒါကြည်ဖြူ...သမီးလည်းတော်တယ်နော် Aရတယ်"
“ဟုတ်ကဲ့ပါရှင့်”
“အချစ် အတော်ဆုံး”
ကြားထဲကနေဝသုန်တစ်ယောက် ဂုဏ်ဆာလိုက်တယ်“ကဲ နှစ်ယောက်ပဲကျန်တော့တယ်....တစ်ယောက်က A နောက်တစ်ယောက်ကတော့ A+နော်...ဒီတစ်ခေါက်တော်တော်တိုးတက်လာတယ်နော် တစ်ယောက်က...
ဝသုန်ဖြိုးထက်....မတ်တပ်ရပ်”“ဟုတ်..တီချယ်”
“သမီး.....A+ရတယ်”
“ရှင်....”
“ဟုတ်တယ်...သမီးတိုးတက်လာတယ်....တော်တယ်...
တီချယ်ပြောထားတယ်နော် A+ရတဲ့သူကိုဆုချမယ်ဆိုတာ....ဆုကတော့ နောက်နှစ်ရက်နေရင်ကျင်းပမဲ့ AIပွဲအတွက် VIP ticketsတွေပဲ ”“ဒီမှာ...သမီးအတွက်”ဟုဆိုကာတီချယ်ကစာအိတ်ကလေးပေးလာသည်မို့ ဝသုန်လည်းရိုရိုသေသေယူလိုက်တယ် အဲ့ဒီပွဲဟာလူတိုင်းသွားလို့ရတဲ့ပွဲမျိုးမဟုတ်သလို လက်မှတ်တွေကလည်းလွယ်လွယ်နဲ့ဝယ်လို့မရ အခုက VIP ticketsတွေရလိုက်တာဆိုတော့ သူမအတော်ပျော်နေမိသည်လေ
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...