စဝ်မှူးသူငယ်ချင်းတွေနဲ့စကားပြော
နေတုန်း တစ်ယောက်ယောက်စိုက်
ကြည့်နေတယ်လို့ခံစားနေရတာ
ကြောင့် သူမျက်စိကစားလိုက်တော့ဟော...တွေ့ပြီ...သူ့ကိုစူးစိုက်ကြည့်
နေတဲ့အမျိုးသား
သူအဲ့ဒီတစ်ယောက်အားသတိထားမိနေသည်မှာကြာပြီ...အဲ့ဒီတစ်ယောက်ကစဝ်မှူးတို့ဝိုင်းနဲ့မျက်စောင်းထိုးဝိုင်းမှာထိုက်ပြီး စဝ်မှူးအားစူးစိုက်
ကြည့်နေတတ်သည်လေ...
စိုက်ကြည့်နေတာများတစ်ခါတစ်လေ ယောက်ျေားလေးတန်မဲ့စဝ်မှူး
ပင် သူ့အကြည့်အားလန့်ရသည်ထိုအမျိုးသားမှာဆေးကျောင်းသားဖြစ်ပုံမရ...ဒါပေမဲ့ဆေးကျောင်းကန်တင်းမှာအမြဲတွေ့ရတတ်သည်
...ငါ့ကိုသိလို့များလား...
စဝ်မှူးအတွေးပွားနေမိတယ်
ထိုအမျိုးသားမှာအရပ်ရှည်ရှည်၊ခန့်ခန့်ညားညားနဲ့ရင့်ကျက်တဲ့အသွင်ပေါက်၏အဲ့ဒီတစ်ယောက်စီကနေအရှိန်အဝါတစ်ခုကိုစဝ်မှူးခံစားမိတယ် ဘာမှန်းသေချာတော့မသိ
မျက်လုံးတွေမှာသိမ်းဌက်လိုစူးရှပြီး
ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံကိုလည်းပိုင်ဆိုင်ထားတယ်
မျက်ခုံးမှာလည်းတိရိနေကာပြတ်သားမှုကိုဆောင်သကဲ့သို့မျက်တောင်မွှေးကျဲကျဲလေးနဲ့ကြည့်ကောင်းလှ၏မျက်ဝန်းထောင့်ကမှည့်နက်လေး
ကိုလည်းမျက်စိလျင်သူစဝ်မှူးအသေအချာကိုတွေလိုက်သေးသည်
လှန်တင်ထားသောဆံပင်များနဲ့ထိုအမျိုးသားဟာသိပ်ချောပါတယ်စဝ်မှုးလူတစ်ယောက်အားဒီလောက်
ထိမကြည့်ခဲ့ဖူးဘူး....
သူသုံးသပ်နေတုန်း ထိုအမျိုးသား
ကသူ့အားကြည့်ကာလှည့်ထွက်သွားလေတယ်
ထူးဆန်းတဲ့အမျိုးသားပဲ“စဝ်မှူး ငါပြောနေတာကောကြားရဲ့
လား”
ဘေးနားက ရသရဲ့အသံကြောင့်
စဝ်မှူးရဲ့အာရုံတွေသူငယ်ချင်းတွေဆီကိုပြန်ရောက်လာတယ်“ဟင် ဘာပြောလိုက်တာလဲ”
စဝ်မှူးပြန်မေးလိုက်တယ်
“ငါပြောတာ ငါတို့ပိတ်ရက်ကျရင်
ရုပ်ရှင်သွားကြည့်ရအောင်”“အင်း သွားမယ်လေ”
“စဝ်မှူးလည်းလက်ခံလိုက်ပြီဆိုတော့အားလုံးသွားကြတာပေါ့”
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...