Part-7

24 12 2
                                    

“ဒီလောက်ထိစာတွေများပြီးခက်မယ်မှန်းသိရင်ဆေးလိုင်းကိုယူခဲ့မှာမဟုတ်ဘူး”

စဝ်မှူးတစ်ယောက်အခန်းတံခါးကိုဖွင့်လိုက်တယ်ဆိုရုံရှိသေး
ရသရဲ့သာယာနာပျော်ဖွယ်ငြီးငြူသံကိုကြားလိုက်ရပါတော့တယ်
ဆရာပြီးခဲ့တဲ့ပိတ်ရက်တည်းကပေးထားတဲ့အိမ်စာကိုအခုမှလုပ်ဖို့သတိရတဲ့အမောင်ပိုင်ရသသော်ရယ်ပါ

ရသငြီးငြူနေတုန်းတံခါးဖွင့်သံကြားလို့လှည့်ကြည့်တော့စဝ်မှူးပြန်ရောက်လာခြင်းပင်

“စဝ်မှူးရောက်လာပြီပဲ ကိုစောမြတ်
ကိုသေချာရောလိုက်ပို့ခဲ့လား”

“အင်း သေချာပို့ခဲ့ပါတယ်ကွ”

ရသရဲ့အမေးကိုစဝ်မှူးပြန်ဖြေလိုက်တယ်

“တော်သေးတာပေါ့မင်းဆိုင်ကယ်သော့ကိုပြန်တွေ့လို့ မဟုတ်ရင်ငါတို့
အခုချိန်ထိလိုက်ရှာနေရမှာ
တော်တော်ဒုက္ခပေးတဲ့ကောင်”

“အေးပါငါမှားပါတယ်သော့ကို‌သေချာသိမ်းလိုက်ရမှာ”

“သိရင်ပြီးတာပဲ”

စဝ်မှူးလည်းရသအားထပ်မပြောတော့ဘဲသူ့အိပ်ရာပေါ်ဝင်လှဲလိုက်တယ်
ရသကတော့စာကြည့်စားပွဲမှာအိမ်စာကိစ္စနဲ့အရပ်ကယ်ပါ၊လူဝိုင်းပါ၊လုပ်နေတုန်းပင်
စဝ်မှူးတို့သူငယ်ချင်းတွေကအဆောင်မှာနေတာဖြစ်ပြီးအခန်းမကွဲချင်၍အဆောင်မှူးအားပြောကာအဆောင်ရှိအကျယ်ဆုံးအခန်းနှစ်ခုကိုဆက်ထားခြင်းဖြစ်သည်
စဝ်မှူးကအိပ်ရာပေါ်မှာလှဲနေပြီး
လီယိုနဲ့လီယမ်ကတော့ရသနဲ့အတူစာကြည့်စားပွဲမှာစာလုပ်နေတယ်
ဟိုရေခဲတုံးသင်္ခယာကတော့သူ့ကုတင်ပေါ်မှာထိုင်၍စာဖတ်နေလေတယ်
စဝ်မှူးတို့အခန်းတွင်နှစ်ထပ်ကုတင်နှစ်လုံးရှိပြီးတစ်ယောက်အိပ်ကုတင်တစ်လုံးရှိကာတစ်ယောက်အိပ်ကုတင်ကိုအမောင်သင်္ခယာအပိုင်စီးထားတယ်
‌နှစ်ထပ်ကုတင်တစ်လုံးမှာတော့လီယိုကအပေါ်ထပ်မှာနေ၍လီယမ်ကအောက်ထပ်မှာနေတယ်
နောက်ကုတင်မှာတော့စဝ်မှူးကအောက်ထပ်မှာနေ၍ရသကအပေါ်ထပ်မှာနေတယ်

စဝ်မှူးလည်းလုပ်စရာမရှိ၍ပျင်းလာတာနဲ့ဖုန်းထုတ်ကာလိုင်းသုံးနေလိုက်တယ်လိုင်းသုံးနေတုန်းရုတ်တရက်ဒီပါ့အားသတိရသွား၍ဒီပါ့accကိုရှာကြည့်လိုက်တယ်

Falling Into Your SmileWhere stories live. Discover now