“ကလင်..ကလင်”
အတန်းဆင်းပြီမို့စဝ်မှူးတို့လည်းစာအုပ်များကိုသိမ်းကာ အတန်းထဲကထွက်ရန်ပြင်ရတော့တယ်“ငါအရင်သွားနှင့်မယ် ဒီပါမေးရင်စာကြည့်တိုက်သွားတယ်လို့ပြောလိုက်နော်”
“အင်းပါ မင်းလင်ကိုသံတော်ဦးတင်ပေးပါ့မယ် စိတ်ဖြောင့်ဖြောင့်သာသွား ဟုတ်ပြီလား”
“ဘောကိုမင်းလင်လား သွားပြီ”
သူ့အားစနောက်လာတဲ့ရသကိုဆဲလိုက်ပြီးစဝ်မှူးလည်းစာကြည့်တိုက်ကိုသာသွားရန်ထွက်လာတော့တယ်ဆေးကျောင်းသားပီပီလုပ်စရာစာတွေကလည်း ရိုက်သတ်ရင်တောင်မကုန်မယ့်အနေအထား
စဝ်မှူးလည်းဟိုဟိုဒီဒီတွေးတောရင်းလျှောက်လာခဲ့တော့တယ်
ထိုစဥ်ကျောင်းဝန်းထဲကိုအရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ကားတစ်စီး စဝ်မှူးရှိရာဘက်ကိုဦးတည်ကာမောင်းလာသည်မို့ ရုတ်တရက်ဆိုသလိုကြောင်အသွားကာရပ်နေမိတော့တယ်“အ”
အသိဝင်လာချိန်မှာစဝ်မှူးသည်လမ်းဘေးမှာလဲလျက်သား သူ့ဘေးနားမှာလည်းကောင်မလေးတစ်ယောက်ကပုံလျက်သား ကြည့်ရတာဒီကောင်မလေးစဝ်မှူးကိုကယ်လိုက်ပုံရတယ်“ရှင်အဆင်ပြေရဲ့လား တစ်နေရာရာကိုထိသွားသေးလား”
သူ့ကိုလက်ကမ်းကာပြောလာတဲ့ကောင်မလေး
သူလည်းကမ်းပေးတဲ့လက်ကိုအားပြုကာထလိုက်ပြီး ဘာမှမဖြစ်ကြောင်းပြောလိုက်တယ်ထိုစဥ်ကောင်မလေးမှာလမ်းမကိုအကြည့်ရောက်ကာမျက်လုံးများပြူးကျယ်သွားရသည်မို့ သူလည်းလှမ်းကြည့်လိုက်ရာ ကားကြိတ်ခံလိုက်ရပုံပေါ်သော laptopတစ်လုံးကိုတွေ့လိုက်ရတယ်
“ငါတော့သေပါပြီ...ငါ့စာတမ်းလေးသွားရှာပြီ ဘယ်လိုလုပ်ရတော့မှာလဲ တကယ်ပါပဲ”
သူမမှာ laptopအားအလျင်အမြန်ကောက်ခါ ရေရွတ်နေတော့သည် သူမတစ်ကိုယ်တည်းရေရွတ်နေရင်းမှာတင် ကောင်မလေးမှာဒေါသထွက်လာပုံရကာ တဖန်စိတ်ညစ်လိုက်ဖြစ်နေသည်မို့ သူမအားကြည့်ကာစဝ်မှူးအားနာလာတော့တယ်“တောင်းပန်ပါတယ်ဗျာ ကျွန်တော့်ကြောင့်နဲ့ဒုက္ခရောက်ရပြီ”
YOU ARE READING
Falling Into Your Smile
Romansaကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...