Part-17

4 3 0
                                    


“ဒီလိုကွာ...အဲ့ဒီကောင်မလေးနဲ့သင်္ခယာကအချင်းချင်းသိတယ်တဲ့”

“ဟင်” “တကယ်ကြီး”
စဝ်မှူးစကားအဆုံးမှာရသတို့သုံးယောက်အံ့သြသွားရတော့တယ်
အံ့သြလည်းအံ့သြချင်စရာပင်
သင်္ခယာထွဋ်လိုရေခဲတုံးကမိန်းကလေးတစ်ယောက်ကိုသိတယ်ဆိုတာ အံ့သြစရာကိစ္စမဟုတ်လား
တွေးရင်းအံ့သြရင်း သင်္ခယာ့ကိိုအကြည့်ရောက်မိတဲ့အခါ သကောင့်သားကသူ့အကြောင်းပြောနေတာမဟုတ်သလိုမျက်နှာထားနဲ့ပင်

သိချင်တာရှိလျှင်သိရမှကိုကျေနပ်သောရသမှာစဝ်နှောင်းကိုမေးဖို့ပြင်တော့တယ်

“ဘယ်တုန်းကလဲ”

“ဘာကို..?”

“အဲ့ဒီကောင်မလေးနဲ့လေ ဘယ်တုန်းကသိတာလဲ”

“ဒီလိုပါပဲ အမှတ်မထင်သုံးကြိမ်လောက်ဆုံဖူးတာ”

“သြော်....”

“ငါအခန်းကိုပြန်တော့မယ်”

“ချက်ချင်းကြီး”
ရသပြောလိုက်ပါသော်လည်း စဝ်နှောင်းကတော့လွယ်အိတ်ကိုယူကာထွက်သွားလေတော့တယ်

“ဒီကောင် မရိုးဘူး”
ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး လီယမ်ပြောလိုက်တယ်

“ကဲ ဒါဆိုငါလည်းဒိုးတော့မယ်”
ရသတစ်ယောက်လည်းသူငယ်ချင်းများကိုလက်ပြကာထွက်သွားတော့တယ်

“အဲ့ကောင်လည်းမူမမှန်ဘူး”

“ဟုတ်တယ် အားရင်အားသလိုလစ်ထွက်သွားတာခဏခဏပဲ”

စဝ်မှူးရဲ့ပြောစကားကိုလီယိုထောက်ခံလိုက်တယ်

“ပိုင်....ကိုယ်တို့လည်းသွားရအောင်”
ဒီပါကသွားဖို့ပြောလာပြီမို့စဝ်မှူးလည်းထိုင်ရမှအထ
လီယမ်ကဘယ်လဲဟုမေးလာသည်မို့ ဒီပါတိုက်ခန်းမှာမုန့်စားရင်းရုပ်ရှင်ကြည့်လို့ပြောကာ ထွက်လာတော့တယ်

“အဲ့နှစ်ယောက်ဘယ်တော့ညားမလဲမသိဘူး ထားပါလေ ငါတို့နှစ်ယောက်ပဲကျန်တော့တယ် ကိုကိုငါတို့လည်းသွားရအောင် shopping centerသွားကြမယ် ကိုကိုလိုချင်တာငါဝယ်ပေးမယ်”

“အွန်း”
လီယိုတို့ညီအစ်ကိုနှစ်ယောက်လည်းထွက်သွားကြရာ ခုနကအသံများနှင့်ဝေဆာနေသောကန်တင်းမှာတိတ်ဆိတ်သွားသယောင်

Falling Into Your SmileWhere stories live. Discover now