At 8:00pm
လူခြေတိတ်ကာမှောင်မဲနေတဲ့ညအချိန်
တက္ကသိုလ်ဝင်းထဲရှိအရာအားလုံးမှာ တိတ်ဆိတ်ကာငြိမ်သက်လျက်
သို့သော် Archiဆောင်အတွင်းရှိ
ဘောလုံးကွင်းထဲမှာတော့
အုပ်စုနှစ်စု ထိုအုပ်စုနှစ်စုမှာအင်အားတော့မမျှချေတစ်အုပ်စုမှာငါးယောက်သာရှိသော်လည်းကျန်အုပ်စုမှာဆယ့်ငါးယောက်ကျော်၏..
နှစ်ဖွဲ့မှာအင်အားချင်းမမျှသော်လည်း လူနည်းသောအဖွဲ့မှာဘယ်လိုမှတောင်မနေသလိုပင်“ငါတို့ကိုချိန်းတာဒီလိုကြည့်နေဖို့လား”
မေးလိုက်သူမှာနှစ်ယောက်မရှိသောရသပင်။
ငါးယောက်အဖွဲ့မှာစဝ်မှူးတို့အဖွဲ့ဖြစ်ပြီးကျန်အဖွဲ့မှာလီယို့အားချိန်းသည့်အဖွဲ့ဖြစ်သည်“အသံကောင်းဟစ်မနေစမ်းပါနဲ့
ခဏနေရင်ဒီလိုပြောနိုင်မလားကြည့်ရသေးတာပေါ့”
ဟိုဘက်အဖွဲ့ကတစ်ယောက်ကရသအားရည်ရွယ်ပြီးပြောတယ်“အာချောင်မနေစမ်းပါနဲ့”
လီယိုမှာသူငယ်ချင်းအားထိ၍မခံ
ပြန်ပြောလိုက်တယ်“လင်းစေရာရှိန်း မင်းသိပ်တွေဇောင်းကြွနေတာလား”
တစ်ဖက်အဖွဲ့ကခေါင်းဆောင်ကလီယို့အားပြောလာတယ်
သူ့အကိုအားပြောလာ၍လီယမ်တစ်ယောက်ရှုးရှုးရှားရှားဖြစ်လာရာ
ကျန်သူငယ်ချင်းများမှာစိတ်လျော့ခိုင်းရ၏
စိတ်လျော့ခိုင်းရခြင်းမှာလည်းအချိန်မတန်သေး၍သာ“ဘာကိစ္စ မင်းတို့ကဘလိုင်းကြီး
ငါတို့ကိုချိန်းရတာလဲ”“အေးလေ Archiကကောင်တွေကကျူးကျူးကျော်ကျော်နဲ့”
ပထမတစ်ခွန်းမှာစဝ်မှူးကမေးလိုက်ခြင်းဖြစ်ပြီးနောက်တစ်ခွန်းမှာရသ
ကဝင်ဖဲ့လိုက်ခြင်းပင်“လင်းစေရာရှိန်း မင်းဟိုတစ်နေ့က
နီနီ့ကိုလူကြားထဲအရှက်ခွဲပြီးငိုအောင်လုပ်လိုက်တယ်မလား”“ဘယ်သူ?”
ပြောလာသည်ကိုမရှင်း၍လီယိုပြန်မေးလိုက်တယ်“ဟိုတစ်နေ့ကမင်းငြင်းလိုက်တဲ့ကောင်မလေး”
“အာ”
ခေါင်းဆောင်ဖြစ်သူမှာပြောလာသည်ကြောင့်လီယိုမှတ်မိလာပြီထင်တယ်
YOU ARE READING
Falling Into Your Smile
Romansaကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...