“အား shitttt စိတ်ညစ်လိုက်တာ”
စာကြည့်တိုက်ထဲမှာဖြစ်၍သူမအသံကျယ်သွားတာကြောင့်သူမအားလှည့်ကြည့်လာသဖြင့် ဝသုန်ပြုံးပြကာတောင်းပန်လိုက်ရတယ်စာတမ်းပြုစုနေခြင်းဖြစ်ပြီးဗိုက်ဆာနေသော်လည်းအောင့်ကာသည်းခံနေခြင်းပင်
သူငယ်ချင်းလေးမသုံးယောက်မှာနှစ်ယောက်ကအိမ်ပြန်သွားပြီး coffeeသွားသောက်တဲ့တစ်ယောက်မှာလည်းပြန်မလာသေး ဝသုန့်ရဲ့ပုံမှန်အကျင့်စရိုက်နဲ့သာဆို ဒီလောက်ထိသိပ်ကြိုးစားပြီးလုပ်မှာမဟုတ်ပေဝသုန်သည်ဉာဏ်ကောင်းသော်လည်းစာကိုပုံမှန်အတိုင်းလုပ်ပြီးအလယ်အလတ်အဆင့်လောက်ထိသာကြိုးစားသူဖြစ်သည် အခုလောက်ထိစာမလုပ်ပါ
အခုလိုကြိုးစားနေရခြင်းမှာလည်းအတန်းထဲက hyperမကြောင့်ဖြစ်သည် ဝသုန်သည်စာတော်သူများကိုကြည့်မရမဖြစ်တတ်သော်လည်းထိုတစ်ယောက်ကိုတော့ကြည့်မရ သူကလည်းကိုယ့်ကိုမကြည်
အကြာင်းမှာသူကြိုက်နေသောကောင်လေးကိုဝသုန်ကကောင်လေးရှာပေးလိုက်သောကြောင့်...အဲ့ဒီကတည်းကသူကကိုယ့်အားကြည့်မရခြင်း
အတန်းထဲမှာဒီတစ်ခေါက်လည်းသူပဲ(A+) ရမယ်ဆိုပြီးမြှောက်ကြွနေသောကြောင့် ဉာဏ်ဆိုးလေးဝင်လာကာဒီတစ်ခါတော့အနိုင်ပိုင်းမယ်ဆိုပြီးကြိုးစားနေခြင်း“ဗိုက်ဆာလိုက်တာ”
သူမဆက်မတွေးတော့ဘဲ laptopကိုသာပြန်ကြည့်လိုက်တော့တယ်
ထိုအချိန် သူမမျက်စိထဲကိုဝင်လာတဲ့ cheesecakeတစ်ခုနဲ့ပဲနို့တစ်ဘူး
သူမလည်းကြောင်အသွားကာမော့ကြည့်လိုက်တော့သူမအားငုံ့မိုးကြည့်နေတဲ့မျက်ဝန်းတစ်စုံနဲ့ရင်ဆိုင်လိုက်ရတယ်“ဟင် ရှင်ကဒီကိုဘယ်လိုလုပ်ပြီး....”
သူ့အားငုံ့ကြည့်နေသောအမျိုးသားကိုသူမကြောင်ကာကြည့်နေမိတယ်“မစားဘူးလား မင်းပဲဗိုက်ဆာတယ်ဆို”
“ကျွန်မဖို့လား ဒီကိတ်က”
သူမကိုယ်သူမလက်ညှိုးထိုးကာသူမရှေ့ကအမျိုးသားကိုမေးလိုက်တယ်“အင်း”
“ဒါဆိုလည်းကျေးဇူးပဲ ရှင့်ဒဏ်ရာတွေကောသက်သာရဲ့လား”
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...