သူမလည်းကျေးဇူးရှင်ကြီးအားမော့ကြည့်တော့
...ဟင် ဟိုတစ်ယောက်ပဲ...
သူမနဲ့ဟိုတစ်ခါကတွေ့ခဲ့တဲ့အမျိုးသားပဲထိုအမျိုးသားမှာall black
ဝတ်ထားပြီးအသားဖြူဖြူနဲ့တိုင်းရင်းသားဖြစ်ပုံရတယ် မျက်နှာမှာလည်း ဒဏ်ရာအချို့ရှိ
နေပေမဲ့ ခန့်ညားနေဆဲ
အရပ်မှာလည်း ရှည်ပါတယ်ဆိုတဲ့
ဝသုန့်အရပ်တောင်သူနဲ့ယှဉ်ရင်
ဝသုန့်ခေါင်းမှာသူ့ပခုံးလောက်တောင်မရှိသူမလည်းထိုအမျိုးသားအားမော့ကြည်ကာစိတ်ထဲ၌တွေးတောနေတယ်
ဒါဟာသူမငမ်းနေခြင်းမဟုတ်ပါ
အလှတရားအားရှုမြင်တတ်ခြင်းပင်သူမစိုက်ကြည့်နေတာကြောင့်
သူမအားမျက်မှောင်ကြုံ့ကာကြည့်လာသောအမျိုးသားအကျိုးနည်း မျက်မှောင်ကြုံ့တာ
တောင်ချောနေတုန်းပဲဘာပဲဖြစ်ဖြစ်ဒီအချိန်မှာပေါ်လာတာကိုကသူမအားကူညီခြင်းမို့
...မျက်နှာချောချောလေးကိုထောက်ထားပြီးဆေးထည့်ပေးလိုက်ပါ့မယ်လေ...
“ကူညီတဲ့အတွက်ကျေးဇူးပါ
ရှင့်ဒဏ်ရာတွေကျွန်မဆေးထည့်ပေးပါ့မယ်”သူမပြောကာ24 hours mart
ကိုဆွဲခေါ်လာခဲ့တယ်သူမအထဲမဝင်ခင် ဆိုင်ရှေ့ကခုံမှာ
ထိုင်ခိုင်းခဲ့ပြီးမှ ဆေးထည့်ဖို့ပစ္စည်း
အချို့ကိုဝယ်ဖို့ဆိုင်ထဲကိုဝင်လာခဲ့တယ်ဆေးထည့်ဖို့အတွက် အရက်ပြန်၊
ဂွမ်း၊လိမ်းဆေးအချို့၊အနာကပ်ပလာစတာနဲ့အကိုက်အခဲပျောက်သောက်ဆေးအချို့ကိုပါဝယ်လာခဲ့တယ်ထို့နောက်သူမပြန်ထွက်လာကာခုံတစ်လုံးကိုဆွဲယူကာ
ထိုအမျိုးသားနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးသူမဝယ်လာတဲ့ပစ္စည်းတွေထဲကအရက်ပြန်ကိုအရင်ဆုံးထုတ်ကာဂွမ်းနဲ့စွတ်ပြီးဒဏ်ရာတွေကိုသန့်စင်ပေးလိုက်တယ်ဒဏ်ရာမှာနှစ်ခုထဲသာ ပါးစောင်ရယ်၊နှုတ်ခမ်းထောင့်နားရယ်သာ
သူမဆေးထည့်နေရင်းတွေးမိတာကဘယ်လိုလူမျိုးကများ ဒီလိုမျက်နှာချောချောလေးကိုဒဏ်ရာရအောင်လုပ်ပါလိမ့် သူမသာဆိုလုပ်ရက်မည်မဟုတ်
ဆေးထည့်ရင်းနဲ့စပ်မှာစိုးလို့အနာကိုသူမလေနဲ့ခပ်ဖွဖွလေးမှုတ်ပေးလိုက်တယ်
နောက်ဆုံးအနေနဲ့ဆေးထည့်ပြီးတော့ကြောင်ပုံလေးတွေနဲ့အနာကပ်ပလာစတာကိုပါးမှာကပ်ပေးလိုက်တယ်
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...