“ကလင် ကလင်”
“ကဲ ဒီနေ့တော့ဒီလောက်ပဲ နောက်အတန်းချိန်ကျမှပြန်ဆွေးနွေးကြတာပေါ့ ”
“ဟုတ်ကဲ့ပါ တီချယ်”
အတန်းဆင်းပြီဖြစ်၍စာအုပ်များကိုထည့််ကာကန်တင်းသို့ပြေးရန် စဝ်မှူးကြံရွယ်လေပြီ
သို့သော်သူ့ထက်မြန်သူမှာရသ...စာအုပ်များကိုလွယ်အိတ်ထဲအတင်းထိုးထည့်နေသူမှာ
အလျင်လိုဟန်ဖြင့်...ဒီကောင်ရှူးပေါက်ချင်လို့များလား...
“ကန်တင်းကိုမင်းတို့အရင်သွားကြ ငါနောက်မှလိုက်ခဲ့မယ်”
ဟုဆိုကာခပ်မြန်မြန်အခန်းထဲကထွက်သွားတဲ့ရသ“ဘယ်ကိုလဲလို့တောင်မမေးလိုက်ရဘူး”
ထွက်သွားတဲ့ရသကိုကြည့်ကာစဝ်မှူးရေရွတ်လိုက်တယ်“မင်းတို့အရင်သွားနှင့်် ငါစာကြည့်တိုက်ဝင်လိုက်ဦးမယ်”
ပြောကာထွက်သွားသူကသင်္ခယာစဝ်မှူးလည်းဟိုအမြွှာကိုခေါ်ကာကန်တင်းသို့ချီတက်လာခဲ့တယ်
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
သူတို့ကန်တင်းထဲကိုဝင်လာတော့ သူတို့ထိုင်နေကြဝိုင်းမှာဒီပါကရောက်နှင့်နေ၏
“ဒီပါရောက်နေပြီပဲ”
ဟုစဝ်မှူးဆိုကာဒီပါ့အနားကိုသွားတယ်“ဒီကောင် မတော်ရသေးတဲ့လင်ကိုလည်းတွေ့ရော
ငါတို့ကိုပစ်သွားတော့တာပဲ”
လီယမ်ကစဝ်မှူးအားနှာခေါင်းရှုံ့ကာသူအကိုကိုပြောတယ်လီယိုကဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ပြီးညီဖြစ်သူကိုထားကာလမ်းလျှောက်သွားတယ် မသွားခင်ပြောသွားသည်မှာ အားကျရင်တစ်ယောက်ရှာ ဟူ၍ပင်ဖြစ်သည်
“ဒီပါ ရောက်တာကြာပြီလား”
“သိပ်မကြာသေးပါဘူး ငါးမိနစ်လောက်ပဲရှိသေးတယ်”
“သြော်”
“ပိုင့်အတွက်”
“ဟင်”
စဝ်မှူအားခရမ်းရောင်lilacပန်းပွင့်ငယ်လေးအားပေးလာသူ“အာ ငါပန်းမကြိုက်ဘူး”
“ဪ”
“ ဒါပေမဲ့ ပန်းလေးလှလို့ယူလိုက်မယ်”
ပန်းမကြိုက်သော်ငြား ဒီပါစိတ်မကောင်းဖြစ်သွားမည်စိုး၍ ယူလိုက်တယ်
YOU ARE READING
Falling Into Your Smile
Romansaကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...