Part-2

25 10 2
                                    

ဒီပါလေ့လာရေးခရီးထွက်ဖို့အတွက်မနက်စောစောထကာစုရပ်ကိုလာခဲ့တယ်
သူစီးရမယ့်ကားထဲကိုဝင်ထိုင်နေလိုက်တယ် တစ်ယောက်ယောက်စကားလာပြောမှာကိုမလိုလား၍
နားကြပ်ကိုဟန်ပြတပ်ထားလိုက်တယ်

ခဏအကြာမှာလူစုံပြီးဆရာမလည်းရောက်လာတယ်
  ဆရာမက
“ကလေးတို့ဒီနေ့ဆရာမတို့ကနည်းပညာတက္ကသိုလ်
   ကိုသွားကြမှာ အခြားတက္ကသိုလ်ကကျောင်းသား
  တွေလည်းလာပြီးသူတို့ရဲ့တီထွင်မှုတွေကို
   ချပြကြမှာလေ”
 
ဒီပါတကယ်စိတ်ရှုပ်သွားတယ် ဘာလို့များလိုက်လာမိပါလိမ့်လို့လည်းတွေးတော
လျက်ပေါ့။

ကားထွက်တာနဲ့ဒီပါလည်းနားကြပ်တပ်၊အပြင်ကိုကြည့်ကာလိုက်ပါလာခဲ့တယ်။
 
******************************

သွားရမယ့်နေရာရောက်တော့ဆရာမကအုပ်စုတွေ
ခွဲပေးတယ် အုပ်စုထဲကလူတွေကတစ်ယောက်တစ်ပေါက်လုပ်နေ
တာကြောင့်ဒီပါစိတ်ရှုပ်လာခဲ့တယ် ဒါကြောင့်လေကောင်းလေသန့်ရှုဖို့အုပ်စုနဲ့ဝေးရာကို
ထွက်လာခဲ့တယ်
ဒီပါဟိုဟိုဒီဒီလျှောက်ကြည့်ရင်း‌တစ်နေရာအရောက်မှာသူ့အကြည့်တွေရပ်တန့်သွားတယ်

ခပ်လှမ်းလှမ်းမှာတေးကျောင်းသားအုပ်စုဖြစ်ပုံရတဲ့
ကောင်လေးတစ်စု ရယ်မောစနောက်နေကြတယ်
သူ့အကြည့်တွေကအဲ့ဒီအုပ်စုထဲက ကောင်လေးတစ်ယောက်စီကိုဦးတည်လျက်။

ကောင်လေးကသူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာစနောက်လျက် ပါးချိုင့်နက်လေးတွေပင်ပေါ်အောင်ပြုံးကာရယ်မောနေခဲ့တယ်
သူအကြည့်မလွှဲနိုင်ခဲ့ဘူး ဘယ်လောက်‌တောင်ကြည့်
မိနေလဲဆို သူ့တို့အုပ်စုထဲကဖြစ်ပုံရတဲ့ကောင်လေး
ကလာခေါ်မှသူအကြည့်လွှဲဖြစ်ခဲ့တယ်

သူပြန်ကြည့်လိုက်တဲ့အခါကောင်လေးတို့အုပ်စုအား
မတွေ့တော့  သူဟိုဟိုဒီဒီလိုက်ကြည့်ပေမဲ့ကောင်လေးအားမတွေ့

ထိုနေ့တစ်လျှောက်လုံးသူကောင်လေးအကြောင်းကိုပဲတွေးနေမိတယ်
ဟူး...ထပ်တွေ့ချင်ပါသေးတယ်ကောင်လေးရယ်

******************************

အပြုံးလေးတစ်ပွင့်
အိပ်မက်ထဲထိစိုးမိုးလေတော့
လမ်းပျောက်ခဲ့ရသူက ကိုယ်ပေါ့ ကောင်လေးရယ်

______-____-___-____-____-____-_____


#juju
#Hlaine

Falling Into Your SmileWhere stories live. Discover now