Part-15

23 3 4
                                    


“အင်းးးးးးးးးးး”
ဒီနေ့သည်အတန်းချိန်မရှိသည့်နေ့မို့စဝ်မှူးအားလပ်နေတယ်
ပုံမှန်ထနေကျအချိန်ထက်တစ်နာရီစောကာစဝ်မှူးနိုး၏

သို့သော် အိပ်ရာထထခြင်းဖုန်းကိုသာအရင်ကောက်ကိုင်လိုက်ကာ conversationတစ်ခုထဲကိုဝင်လိုက်သည့်အခါ ညကပို့ထားတဲ့မက်ဆေ့ဂျ်ကိုသည့်မြင်အခိုက်
စဝ်မှူးရဲ့နှုတ်ခမ်းထောင့်စွန်းလေးများကွေးညွတ်သွားကာ ဘယ်ဘက်ပါးပြင်ထက်ရှိပါးချိုင့်လေးများပါထွက်ပေါ်လာတယ်

Good morning ဟုပို့ပြီးသကာလ

“သာယာလိုက်တဲ့မနက်ခင်းလေး”လို့ရေရွတ်ပြီးရေချိုးခန်းထဲသို့ဝင်သွားတော့တယ်

A few minutes later,

ရေချိုးခန်းထဲကအထွက် တိုက်တိုက်ဆိုင်ဆိုင်မြည်လာတဲ့ဖုန်းသံ

စဝ်မှူးဖုန်းကိုကြည့်လိုက်တော့ ခေါ်ဆိုသူမှာဒီပါ

“Good morning ပိုင်”
ဖုန်းကိုင်လိုက်တဲ့အချိန်မှာသူ့အားနှုတ်ဆက်စကားပြောလာသူကြောင့် ပြုံးလိုက်မိသည်ထင်တယ်

“အွန်း Good morning”

“ပိုင် ဒီနေ့အတန်းချိန်မရှိဘူးမလား”

“ဘယ်လိုသိလဲ ကျွန်တော်အတန်းချိန်မရှိဘူးဆိုတာ”

“ဒီလိုပါပဲ”

“လျှိုတယ်ပေါ့”

“အဟွန်း ပိုင်အားတယ်ဆိုရင်ကိုယ့်အိမ်လာခဲ့ပါလား
မနက်စာရော နေ့လည်စာရောချက်ကျွေးမယ် စိတ်ပါရင် ညစာပါစားလို့ရတယ်နော်”

“အင်းးးးး လာခဲ့မယ်လေ ခုထွက်ခဲ့မယ် ”

“အိုကေပါဗျာ”

စဝ်မှူးလည်းအဆင်ပြေမယ်ထင်တဲ့အင်္ကျီကိုဝတ်ကာ ဒီပါ့ဆီသွားတော့တယ်

_____________________

“Ti... Tong”
မနက်စာအတွက်ပြင်ဆင်နေတုန်းဘဲလ်သံမြည်လာတာကြောင့် လုပ်လက်စအလုပ်အားချကာတံခါးသွားဖွင့်ရတော့တယ်

“Hi”
တံခါးဖွင့်လိုက်ချိန်သူ့အားလက်ပြကာနှုတ်ဆက်လာတဲ့ကောင်လေး

“ဝင်လေ ပိုင်”

“အွန်း...မွှေးနေတာပဲ ဘာလုပ်နေတာလဲဟင်”

Falling Into Your SmileWhere stories live. Discover now