Part-9

17 8 4
                                    

“ဒေါက်..ဒေါက်”

“ရသရေ အပြင်မှာတံခါးခေါက်နေ
တယ်ဟ သွားဖွင့်လိုက်ဦး”

စာလုပ်နေသူစဝ်မှူးတစ်ယောက်လှမ်းပြောလိုက်သော်လည်း
ဖုန်းထဲကိုနစ်ဝင်တော့မလိုဖြစ်ကာဂိမ်းဆော့နေသူအမောင်ရသမှာလှုပ်ပင်မလှုပ်။
လီယမ်နဲ့လီယိုမှာလည်းနည်းတူဖြစ်သည် သင်္ခယာကတော့ရေချိုးခန်းထဲမှာမို့
စိတ်မရှည်သူစဝ်မှူးမှာအနီးနားရှိရေ
သန့်ဘူးအလွတ်ဖြင့်ရသအားလှမ်းပေါက်လိုက်သည်
ထိုမှသာသကောင့်သားလေးကတံခါးသွားဖွင့်သည်လေ

“ဪ ဘယ်သူများလဲလို့
ငါတို့ရဲ့အနာဂတ်လေယာဉ်မှူးလောင်းလျာလေးကို ဝင်ပါခင်ဗျ”

တံခါးခေါက်သူအားရသစပ်ဖြီးဖြီးနှင့်ပြောလိုက်သည်
ထိုအခါ ‌ဒိုင်နိုဆောအနွေးထည်နဲ့
ကောင်လေးမှာစူပုပ်လျက်အခန်းထဲကိုဝင်လာသည်။

“ခွီး ကလေးမသာရုပ်နဲ့”
ရယ်သံဖြင့်တိုးတိုးပြောလိုက်သောရသ ကျယ်ကျယ်ပြောကထိုဒေါသက
သူ့အားရန်တွေ့နိုင်သည်လေ

“ကိုကိုရော”
ထိုကောင်လေးကမေးသည်

“အာ သူရေချိုးခန်းထဲမှာ”
ရသဖြေလိုက်တယ်

“အင်္လကာ ဘယ်လိုဖြစ်လို့မျက်နှာ
ကစူပုပ်နေရတာလဲ”

စဝ်မှူးမေးလိုက်သည်
ထိုကောင်လေးမှာအခြားသူမဟုတ်
သင်္ခယာရဲ့ချစ်လှစွာသောညီငယ်
စဝ်နှောင်းအလင်္ကာထွဋ်ပင်

စဝ်မှူးမေးလိုက်တော့ကောင်လေးမှာ
ဒေါသထွက်နေဟန်နဲ့
သို့သော်ဘာမျှမပြော....

“ချပ်”
ရေချိုးခန်းတံခါးပွင့်လာပြီးအထဲမှစဝ်နှောင်းထွက်လာသည်

“ဘာဖြစ်နေကြတာလဲ”
စဝ်နှောင်းမေးလိုက်တယ်

“ငါတို့လည်းမသိဘူး သူ့ကိုမေးလေ”
ရသပြောလိုက်တယ်
စဝ်နှောင်းလည်းကုတင်ပေါ်ကသကောင့်သားလေးကိုမေးငေါ့ပြလိုက်
တယ်
ထိုအခါမှအလင်္ကာလည်းသူဖြစ်လာသမျှကိုအစ်ကို‌တွေကိုပြန်ပြောပြလိုက်တယ်

A few second later

“ခွီး”
“ဟားဟား”
ရသရဲ့ထိန်းမရတဲ့ရယ်သံကြီးအရင်ထွက်လာတယ် စဝ်မှူးကလည်းပြုံး
စိစိနဲ့ ဟိုအမြွှာညီအကိုကလည်း
အားရပါးရရယ်တော့တယ်
အလင်္ကာရဲ့မျက်နှာမှာတော့ပုပ်သိုးလျက်

Falling Into Your SmileWhere stories live. Discover now