“အွင်း”
မနက်ခင်းအလင်းရောင်မှာမျက်နှာအားတည့်တည့်ကျရောက်လာသည်မို့ မထချင်၊ထချင်နဲ့ စဝ်မှူးတစ်ယောက်ထလာရတော့တယ် မရင်းနှီးတဲ့အခန်းအသွင်အပြင်ကြောင့် ခဏကြောင်ကြည့်ပြီးနောက်မှာတော့ မိမိမှာညကဒီပါ့ကွန်ဒိုတွင်အိပ်ခဲ့ကြောင်း သတိရသွားတယ်
အခန်းထဲ၌ ဒီပါ့အားမတွေ့...ဘယ်ရောက်သွားပါလိမ့်...
“ချပ်”
သူ့အတွေးပင်မဆုံး အခန်းတခါးဖွင့်ကာဝင်လာတဲ့ဒီပါ“ပိုင် နိုးပြီပဲ”
“အွန်း”
“ပိုင် ရေချိုးမှာမဟုတ်လား ကိုယ်အဝတ်အစားထုတ်ပေးမယ်”
သူ့အပြောအားခေါင်းငြိမ့်လာတဲ့ပိုင်
...ချစ်စရာလေး...
အိပ်ရာထခါစပိုင်သည်တကယ်ချစ်စရာလေးပင် သူကြည့်၍ပင်မဝ
သူ့ကြည့်နေတုန်းမှာရေချိုးခန်းထဲဝင်သွားတဲ့ပိုင်
ဒီပါလည်းပိုင့်အတွက်အဝတ်အစားထုတ်ကာအခန်းပြင်ထွက်လာလိုက်တယ်A few minutes later
ရေချိုးလိုက်ရ၍လန်းဆန်းသွားသောစဝ်မှူးတစ်ယောက်ဗိုက်ဆာ၍အခန်းပြင်ထွက်ကာ ထမင်းစားခန်းထဲကိုဝင်လာလိုက်တယ်
ထမင်းစားခန်းထဲကိုအဝင်စားပွဲဝိုင်းမှာထိုင်နေသောဒီပါ့ကိုမြင်ပြီး ပိုင်တစ်ယောက်ကြောင်အသွားတယ်
ပိုင်သည်အပြာနုရောင်လက်ရှည်နဲ့စတိုင်ပန့် အနက်ရောင်ကိုဝတ်ဆင်ထားကာ ဒီပါသည် အဖြူရောင်ရှပ်ကိုဝတ်ထားပြီးအပေါ်၌ အပြာနုရောင်လက်ရှည်ကိုထပ်ဝတ်ထားကာ စတိုင်ပန့်အနက်ရောင်နှင့်
မသိလျှင် သူတို့နှစ်ယောက်မှာ couple ဝတ်ထားသလိုပင်“ပိုင် ရပ်မနေနဲ့ အထဲဝင်ခဲ့လေ”
အခန်းအဝတွင် ရပ်နေသောပိုင့်ကိုဒီပါပြောလိုက်တယ် သူပြောလိုက်မှပဲပိုင်သည်အထဲကိုဝင်လာတော့တယ်“ပိုင့်အတွက်”
ဟုဆိုကာဒီပါကမနက်စာပန်းကန်ကိုပိုင့်ရှေ့ကိုချပေး၏...ဒီအတိုင်း တိုက်ဆိုင်တာများလား...
စဝ်မှူးတစ်ယောက်အတွေးများနေသော်လည်းဒီပါကတော့ အေးအေးဆေးဆေး မနက်စာစားလျက်
YOU ARE READING
Falling Into Your Smile
Romanceကျွန်တော်ဟာမောင်နဲ့ပတ်သက်ရင်မျက်ဝန်းထောင့်က မှည့်နက်လေးကအစမနာလိုတယ် ခွန်းစဝ်မှူးပိုင် စတွေ့တဲ့အချိန်ကတည်းကပိုင့်မျက်နှာပေါ်ကအပြုံးလေးနဲ့ ပါးချိုင့်နက်ကလေးကြောင့်စတင်ရင်ခုန်ခဲ့ရသူကမောင်ပါ ...