Part - 2

623 65 8
                                    

လက်ထပ်ဖို့သတင်းသိရင် ‌သူ့ဆီကို ကောရောက်လာမယ်ဆိုတာသိပေမယ့် ခုလိုချက်ချင်းကြီးရောက်လာမယ်လို့ထင်မထားတာကြောင့် ကောနဲ့ ရင်ဆိုင်ဖို့
ဟန်ဘင်းစိတ်လှုပ်ရှားနေမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီအခြေ‌အနေက ဟန်ဘင်း ရင်ဆိုင်ရမယ့်ကိစ္စပါပဲ ကျွန်တော်သာချစ်မိ အပြစ်ရှိပေါ့။

"ဆောရီး...ကောရယ်။ ဒီနေ့မှ အလုပ်တအားများနေတာ။ ကဲ...ပြောပါအုံး ခေါ်ရင်တောင်မလာတဲ့နေရာထိ ကျောင်းဖျက်ပြီး လိုက်လာရတဲ့အကြောင်း"

"လက်ထပ်ဖို့ကိစ္စက တကယ်မဟုတ်ဘူးမို့လား
ပင်းပင်း။ မားတို့ ကောကိုနောက်နေတာမို့လား?

မျက်နှာငယ်လေးနဲ့မေးလာတဲ့ကောက တကယ်ကို သနားစရာလေးဖြစ်နေပေမယ့် ခုချိန်မှာတော့ သနားလို့မဖြစ်သေးတာမို့...

"လက်ထပ်တယ်ဆိုတာ နောက်စရာမှမဟုတ်တာ
ကောရ။ မားတို့က ပြောပြလိုက်ပြီလား? ဒီလောက်
မြန်မြန်ကြီးပြောပြလိမ့်မယ်မထင်တာကို။ အဲဒီတော့
ဘယ်နိုင်ငံမှာမင်္ဂလာဆောင်ချင်လဲ ကော"

‌လက်ထပ်ဖို့ကိစ္စကို တည်တည်ငြိမ်ငြိမ်ပြောနေတဲ့
သူရှေ့ကလူက တကယ်ပဲ သူသိတဲ့ပင်းပင်းလား?
အံ့ဩလွန်းလို့ စက္ကန့် ၃၀ လောက်ဆွံ့အသွားမိပါတယ်။

"မင်း ရူးသွားပြီလား ပင်းပင်း။ ငါ့မှာ ယွန်းမီရှိတယ်။
ပြီးတော့ မင်းရော ငါရော ယောက်ျားလေးတွေလေ"

"ချစ်သူရှိတာ ဇနီးရှိတာမှမဟုတ်ဘဲ ကောရယ်။
ပြီးတော့ ကောက ဘယ်နှခုနှစ်မှာနေနေတာလဲ?
ယောက်ျားမိန်းမဆိုတဲ့ ကန့်သတ်ချက်ကြီးကို
မေ့ပစ်လိုက်စမ်းပါ"

ဆောင်းဟန်ဘင်းရဲ့ မျက်လုံးတွေက စူးရဲနေပြီး
ပြောသမျှစကားတိုင်းကလည်းပြတ်သားနေတာကြောင့် ကျန်းဟောင့်စိတ်ထဲ ထင့်လို့လာပါတယ်။
ဒီလက်ထပ်ပွဲကို တကယ်ပဲရှောင်လွှဲလို့မရနိုင်ဘူး
ဆိုတဲ့ခံစားချက်ကြောင့် တုန်လှုပ်လာမိပါတယ်။

"တကယ်ရူးသွားပြီပဲ ဆောင်းဟန်ဘင်း။ ယွန်းမီကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းလည်းသိတယ်။ ငါက ယွန်းမီကိုပဲ လက်ထပ်မှာ"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now