Part - 4

513 50 6
                                    

"ဆောင်းဟန်ဘင်း!!!"

အိမ်ထဲဝင်လာလာချင်း အော်ခေါ်လာတဲ့အာပါး
ကြောင့်...

"အား... အာပါးရာ လန့်လိုက်တာဗျာ။ ဖြေးဖြေးခေါ်လည်း ကြားပါတယ်ဗျ"

ဟန်ဘင်းက ရယ်ရယ်မောမောပြောလိုက်တော့...

"မင်းနဲ့စနောက်ချင်စိတ်ရှိမနေဘူး ဟန်ဘင်း။
ငါ့ကိုမင်းမိဘလို့သဘောထားသေးရင် ဒီမှာ
လာထိုင်"

"ရှားရှားပါးပါး ဒီတစ်ယောက်လေးရှိတာကို
မိဘနေရာမထားစရာလား အာပါးရာ"

"မိဘနေရာသဘောထားတဲ့သူက လက်ထပ်မယ့်
ကိစ္စကိုအသိမပေးဘဲထားမလား? သူများပြောမှ
သိရတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ"

"အာ...အာပါးကို ဘယ်သူအာချောင်လိုက်ပြန်တာလဲ? ကောနဲ့သေချာပြောပြီးမှ အာပါးကိုဖွင့်ပြောဖို့လုပ်ထားတာ။ အာပါးကိုမလေးစားတာမဟုတ်ရပါဘူးဗျာ"

"လက်ထပ်ဖို့ကိစ္စဖွင့်မပြောရသေးပေမယ့် ငွေတွေကိုတော့ ထုတ်ပေးလိုက်ပြီမို့လား? ကိုယ်တိုင်ငွေရှာ
နိုင်နေပြီဆိုတော့ ဘာကိုမှမမြင်တော့ဘူးပေါ့လေ
ဟုတ်လား?"

"အဲလို‌သဘောမဟုတ်တာ အာပါးသိရဲ့သားနဲ့
စကားနာတွေထိုးမနေပါနဲ့တော့။ ကောနဲ့ဆိုရင်
ပါးလည်း သဘောတူမှာသိနေတော့ ကောနဲ့သေချာ
ညှိနှိုင်းပြီးမှ ပြောပြဖို့လုပ်ထားတာ"

"ကျန်းဟောင့်လေးနဲ့မို့ သဘောတူစရာမရှိပေမယ့်
ကျန်းဟောင့်ဘက်ကရော ဆန္ဒရှိရဲ့လား?"

"ဘာပဲဖြစ်ဖြစ် ကောက ကျွန်တော့်ကို လက်ထပ်ရမှာဖြစ်သလို ကျွန်တော်လည်း ကောနဲ့လက်ထပ်ရမှဖြစ်မယ်"

ပြတ်ပြတ်သားသားပြောလာတဲ့သားဖြစ်သူစကားကြောင့် Mr. Sung သက်ပြင်းတစ်ချက်ချလိုက်ရင်း...

"မင်းကိုမချစ်တဲ့သူကိုလက်ထပ်ပြီး မင်းပျော်နိုင်မှာ
သေချာလား သား? အာပါးအတွက်က ဘာမှမလိုဘူး။ ပြေးကြည့်မှ တို့သားအဖပဲရှိတာမို့ အဓိကက
မင်းကိုပျော်စေချင်တယ်"

"စိတ်ချပါ အာပါး ကျွန်တော်ပျော်ရမှာပါ။ ကောဆီက အချစ်ကိုရအောင်ယူနိုင်မယ်လို့လည်း ယုံကြည်တယ်။ ကျွန်တော်ဘာလုပ်လုပ် အမြဲတမ်းလက်ခံပေးလို့ကျေးဇူးပါ အာပါး။ ချစ်တယ်နော်"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now