မနက်နိုးလာတော့ ခေါင်းတစ်ခုလုံးမူးနောက်ပြီး
လူက လုံးဝမလှုပ်ချင်၊ ညက အိမ်ကို ဘယ်လို
ပြန်ရောက်လာမှန်းမသိအောင် ဟန်ဘင်းမူးနေ
ခဲ့တာပင်။ကောတော့ သူ့ကိုစိတ်ဆိုးနေတော့မယ်၊ စိတ်ဆိုး
နေလည်း ချော့ဖို့တော့စိတ်ကူးမရှိပါ၊ ကျန်တာတွေ အားလုံးနားလည်ပေးနိုင်ပေမယ့် တခြားသူရဲ့စကား
ကြောင့် သူ့ကိုလက်ထပ်ခဲ့ပြီး လက်ထပ်ရတဲ့မူလရည်ရွယ်ချက်ကိုက ကွာရှင်းဖို့ဆိုတဲ့ကိစ္စကိုတော့
ဘယ်လိုမှ နားလည်ပေးလို့မရပါချေ..။ဒီနေ့အရေးကြီးကိစ္စမရှိလို့ မဖြစ်မနေအလုပ်သွားဖို့
မလိုပေမယ့် အိမ်မှာလည်းမနေချင်တာကြောင့်
အိပ်ယာကအရင်ထဖို့ ပြင်လိုက်ရပါတော့တယ်..။"အား...ဆောင်းဟန်ဘင်းရေ ဘယ်လောက်တောင်
သောက်ခဲ့တာလဲ၊ တကယ်ကိုအသိစိတ်လွတ်ခဲ့တာပဲ" လို့ တစ်ယောက်တည်း ငြီးငြူရင်း ရေချိုးဖို့
ခန်းထဲဝင်လာလိုက်ပါတယ်။ရေမိုးချိုးပြင်ဆင်ပြီးသွားတော့ အချိန်က ၁၀ နာရီပင်ထိုးလုပြီ၊ ဒီလောက်တိတ်ဆိတ်နေပုံထောက်
ကောလည်း အပြင်သွားပုံရပါတယ်။ ဒီလိုဆိုပိုပြီး
အဆင်ပြေပါတယ် မဟုတ်ရင် တမင်ကြီးရှောင်နေ
ရအုံးမယ်။တစ်ဖက်က ကျန်းဟောင့်မှာလည်း ခုချိန်ထိ ထမလာသေးတဲ့သူကို သွားပဲနှိုးလိုက်ရမလား အိပ်ပါစေဆိုပြီးပဲထားရမလား တစ်ယောက်တည်းဗျာများနေပါတော့တယ်။
'ဒီကလေးကတော့ အလုပ်သွားရမှာကို ခုထိ
မထသေးဘူး၊ ကိုယ့်အလုပ်ဆိုပြီး နေချင်သလို
နေနေတော့တာပဲ၊ ညက မူးကွဲနေအောင်သောက်လာပြီးမထနိုင်တော့ဘူးထင်ပါရဲ့''ငါသွားနှိုးလိုက်ရမလား၊ အမူးပြေဟင်းရည်
လေးသောက်ပြီးမှ ပြန်အိပ်ချင်အိပ်လို့ပြောပြီး
နှိုးလိုက်ရင်ကောင်းမလား?'ဟန်ဘင်းတစ်ယောက် အခန်းထဲကထွက်လာတော့
ထမင်းစားပွဲထိုင်ပြီး ပါးစပ်ကလည်းပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိတဲ့ကောကြောင့် ခြေသံကိုပါ
ယောင်ပြီးဖော့မိသွားပါတယ်။စားစရာတွေရှေ့မှာချ ပါးစပ်ကပွစိပွစိလုပ်နေတာ
မသိရင် တစ်ခုခုရွတ်နေသလိုပင်၊ စိတ်နဲ့ကိုယ်လည်း
ကပ်ပုံမရတဲ့သူက ဟန်ဘင်းထွက်လာတာကိုလည်း
မသိ၊ ကိုယ့်ဘက်ကလည်း ရှောင်ချင်နေတဲ့သူမို့
နှုတ်ဆက်မနေဘဲထွက်လာခဲ့ပြီး အိမ်ပေါက်ဝ
အရောက်...
YOU ARE READING
ကျွန်တော့်ရဲ့ လူဆိုးကောင်လေး
Fanfictionကျွန်တော့်အတွက်တော့ ချစ်ခြင်းမေတ္တာမှာ Gender မလိုဘူး ကောဖြစ်နေဖို့ပဲလိုတယ်..!