Part - 19

516 42 16
                                    

"ဂယူဘင်းဟျောင်း ခုတလော ငြိမ်နေပါ့လား?
ဟန်ဘင်းဟျောင်းဆီလည်းမသွားဘူး၊ ဖုန်းဆက်
တာလည်းမတွေ့ဘူး၊ ဘာလို့လဲ စကားများထား
ကြလို့လား?"

"ငါက ဟန်ဘင်းဟျောင်းနဲ့ ဘာလို့စကားများရမှာလဲ၊
ဟျောင်းက သူ့လူနဲ့အဆင်ပြေနေတော့ မဆက်သွယ်
ဖြစ်တာ၊ သိတဲ့တိုင်း သူ့လူက ငါ့ကိုသိပ်မကြည်ဘူး လေ၊ အဲတော့ ငါ့ကြောင့် ဟျောင်းအနှောင့်ယှက်ဖြစ်
မှာစိုးလို့"

"ဟျောင်းကရော ကျန်းဟောင့်ဟျောင်းကို ကြည့်ရ
လို့လား? တွေ့တိုင်း ရန်စောင်နေမှတော့ ဟိုကကြည့်
မရတာ မထူးဆန်းပါဘူး"

"သူသာ ဟန်ဘင်းဟျောင်းအပေါ် ကောင်းရင် ငါက
မကြည်စရာလား၊ သူ့လုပ်ပုံမဟုတ်လို့လေ?"

"ဟုတ်ပါပြီဗျာ...ဟျောင်းနဲ့ပြိုင်မငြင်းတော့ပါဘူး၊ဟျောင်းအားရင် ကျွန်တော်နဲ့ ခဏအဖော်လိုက်ခဲ့ပါ့လား၊ ကျွန်တော်စာအုပ်ဝယ်ချင်တာလေးရှိလို့လေ...နော်...နော်လို့"

တစ်ခါမှမလုပ်ဖူးတဲ့ Agyeo တွေလုပ်ပြပြီး ချွဲပြောနေတဲ့ ရှေ့က အရှုပ်ထုပ်ကြောင့် ဂယူဘင်းရယ်မိရင်း...

"မလုပ်ဖူးတာတွေလုပ်မနေနဲ့ ကြက်သည်းတွေ
ထလွန်းလို့ လိုက်ခဲ့မယ် ဟုတ်ပြီလား"

"Yayy... yeah!!!"

ယူဂျင်းနီးကိုမြင်တိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်နေသလို ခံစားချက်မို့ သနားလည်းသနားရသလို အားမလို
အားမရလည်းဖြစ်မိပါတယ်၊ ဘယ်လိုပြောပြော
နားမလည်တဲ့ကလေးမို့ တစ်ခါတစ်လေတော့လည်း
ဂရုဏာဒေါသဖြစ်မိရပါတယ်။

...........................

"ကောရေ....ကော‌...."

မိုးမလင်းသေးဘူး လူဆိုးကောင်ရဲ့အသံစာစာကို
ကြားရပါပြီ။ သူ့ကို ကောင်းကောင်းမွန်မွန်
ပြန်ဆက်ဆံပြီးကတည်းက အိပ်ယာနိုးတာနဲ့
ကလေးတွေအမေရှာသလို ကျန်းဟောင့်ကိုရှာတော့တာပါပဲ။

"ကော...ကောရေလို့...အိမ်မှာမရှိဘူးလား?"

"...."

"အာ...ကောကဗျာ ရှိရဲ့သားနဲ့ ဘာလို့မထူးတာလဲ၊
ပင်းပင်းလေးက စိတ်ပူသွားတာလေဗျာ"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now