Part - 11

541 50 4
                                    

ဒီညတော့ ဂယူတစ်ယောက် အိုမားရဲ့အမိန့်နဲ့ အရှုပ်ထုပ်ကိုစာပြပေးနေရပါတယ်၊ စာတွေကိုတကယ်
နားမလည်တာမဟုတ်ဘဲ ကိုယ့်ကိုရှုပ်ချင်တာက
အဓိကဖြစ်နေတဲ့အရှုပ်ထုပ်မို့ ဆူထားလို့စိတ်ဆိုးပြီး
မလာရာက ခုတော့ အိုမားအားကိုးနဲ့ ထပ်ရောက်လာ
ပြန်ပါတယ်။

ကိုယ်ကစာရှင်းပြလည်း စာကိုစိတ်မဝင်စားဘဲ
ကိုယ့်ကိုယ်ပဲစိတ်ဝင်စားနေတဲ့အရှုပ်ထုပ်ကို
စိတ်ရှိတိုင်းဆူငေါက်ပစ်ချင်ပေမယ့် အိုမားရဲ့
အချစ်တော်မို့ ဆူငေါက်ချင်စိတ်လည်းရှိမနေပြန်ပါ။

"Dee...Dee..."

ယူဂျင်းကိုစာပြနေရင်း Vibration လုပ်ထားတဲ့
ဖုန်းရဲ့တုန်ခါမှုကြောင့် ယူကြည့်လိုက်တော့
ဟန်ဘင်းဟျောင်းဆီမှ ဖုန်းလာတာမို့ ချက်ချင်း
ကိုင်လိုက်တော့...

"ဂယူဘင်းနား..."

တိုးဖျော့လွန်းတဲ့အသံနဲ့ခေါ်လာတဲ့ ဟန်ဘင်းဟျောင်းအသံကြောင့် တစ်ခုခုဖြစ်နေတယ်ဆိုတာခံစားရတာမို့...

"ဟျောင်း...ဘာဖြစ်လို့လဲ? ဘယ်နားက နေမကောင်းလို့လဲ? ကျွန်တော် ဘာလုပ်ပေးရမလဲ...ပြောနော်
ကျွန်တော်ရှိတယ် ကျွန်တော့်ကိုပြော"

"ကောက...ကောကလေ ငါနဲ့ ကွာရှင်းချင်တယ်တဲ့၊
သူ စိတ်ဆိုးလို့ပြောတာ ဟုတ်တယ်မို့လား? ဟုတ်တယ်လို့ပဲဖြေပေးပါ ဂယူရာ"

ဒီလူကတော့ လက်ထပ်ထားတာ ဘယ်လောက်ကြာလို့ ကွာရှင်းချင်တယ်ပြောရတာလဲ၊ ဟျောင်းဘက်က ချစ်မှန်းသိလို့ အနိုင်ယူနေတာ အလကားလူ။
စိတ်ထဲမှာ ကျန်းဟောင့်ကို သေလောက်အောင်
ဒေါသထွက်နေပေမယ့် တကယ်တမ်းဟန်ဘင်း
ဟျောင်းကိုဖြေမိတာက...

"ဒါပေါ့...ဟျောင်းရဲ့၊ သူစိတ်မကြည်လို့ပြောတာပါ၊
မချစ်ဘဲယူထားတယ်ပဲဆိုဆို ဟျောင်းနဲ့ သူနဲ့က
နဂိုက တအားချစ်ကြတဲ့ညီအစ်ကိုတွေပဲလေ၊ သံ‌ယောဇဉ်တော့ရှိမှာပဲ၊ အဲဒါကြောင့် အများကြီး
ဝမ်းမနည်းပါနဲ့နော်"

"သူဘာပြောပြော ဘယ်လောက်ဆိုးဆိုး ငါအကုန်
သည်းခံနိုင်ပေမယ့် အဲဒါကိုတော့ တကယ်ကိုမကြားနိုင်ဘူး ဂယူရာ၊ တကယ်သာကွာရှင်းပေးရမယ်ဆိုရင် ငါရူးသွားမယ်ထင်တယ်"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now