Part -12

521 50 17
                                    

"မင်္ဂလာနံနက်ခင်းပါ သူဌေး"

"မင်္ဂလာနံနက်ခင်းပါ"

ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်သွားတဲ့သူဌေးကြောင့်
ဝန်ထမ်းတွေအားလုံး အံ့ဩသွားရသလို အတွင်း
ရေးမှူးပင် အနည်းငယ်ကြောင်သွားမိပါတယ်။

ခါတိုင်းဆို သူဌေးက အမြဲရုပ်တည်ကြီးနဲ့
မကောင်းတတ်လို့ပြန်နှုတ်ဆက်ရတဲ့ပုံစံနဲ့ပဲ
နှုတ်ဆက်တတ်သလို ချောမောတဲ့မျက်နှာကလည်း
ဘယ်တော့မှ အပြုံးအရယ်ရှိမနေခဲ့တော့ ဝန်ထမ်းတွေအံ့ဩတာ အဆန်းမဟုတ်ပေ။

"ဟဲ့...တို့သူဌေး လူပြောင်းသွားတာများလား"

"အေးဟယ်...ဒါနဲ့ နဂိုတည်းက ချောပေမယ့်
ရယ်လိုက်တော့ တအားကိုချောသွားတာနော်
အမလေး ငါ့ Type လေး"

"အမယ်...ဟိုက အိမ်ထောင်သည်နော်၊ ကြားသွားမှဖြင့် ‌အလုပ်ကနေ ခြေထောက်နဲ့မထွက်ရဘဲ ခေါင်းနဲ့
ထွက်နေရမယ်"

"ငါက သဘောရိုးပြောတာပါ၊ မမှန်းရဲပါဘူးအေ၊
တစ်နှစ်တစ်ခါတောင်ပြုံးရယ်တာ မမြင်ဖူးတော့
မြင်မြင်ချင်း အသိစိတ်လွတ်သွားတာ ဟိဟိ"

ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်သွားတဲ့သူဌေးကြောင့် အထူးအဆန်းဖြစ်သူကဖြစ် ကြွေသူကကြွေ လူပျိုမဟုတ်တာကို နှမြောသူကနှမြောနဲ့ ဝန်ထမ်းတွေကြား ဟိုးနားတိုးတိုး ဒီနားတိုးတိုးနဲ့ အုံးအုံးကျွတ်ကျွတ်ဖြစ်သွားရပါတော့တယ်။

"ဒီနေ့ ပျော်စရာရှိလို့လား သူဌေး"

"အာ...ဟုတ် အရမ်းသိသာနေလို့လား?"

"သိသာတာပေါ့ အပြုံးအရယ်မရှိတဲ့သူဌေးက
ဝန်ထမ်းအားလုံးကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်တဲ့ထိကို ထူးခြားနေတာလေ"

"မနက်တည်းက စိတ်ပျော်နေလို့ပါ၊ ဒီနေ့အလုပ်တွေများလား? ၁၁ နာရီအစည်းအဝေးတစ်ခုပဲရှိတာလား?"

"ဟုတ် ဒီနေ့က အလုပ်ပါးတဲ့နေ့လို့ပြောလို့ရပါတယ်
သူဌေး၊ ၁၁ နာရီအစည်းအဝေးရယ် နေ့ခင်း ၂ နာရီမှာ ဧည့်သည်နဲ့တွေ့ဖို့ချိန်းထားတာရယ်ကလွဲရင်
အထွေအထူးမရှိပါဘူး၊ လက်မှတ်ထိုးစရာနည်းနည်းရှိတာက ဒီမှာပါ"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now