Part - 5

526 49 6
                                    

ဟန်ဘင်းနဲ့ ကျန်းဟောင့်ရဲ့မင်္ဂလာပွဲကို အခမ်းနား
အကြီးကျယ်ဆုံးကျင်းပခဲ့ပါတယ်။ ကျန်းဟောင့်ဘက်က အကျဉ်းကျုံးပဲလုပ်ချင်ပေမယ့် ဟန်ဘင်းဘက်ကအဆင်မပြေတာကြောင့် မင်္ဂလာပွဲကိုတခမ်းတနားလုပ်ဖြစ်သွားတာပါ။

ဆောင်းဟန်ဘင်း လူဆိုးကောင် ပြောတော့ အကုန်
ကောသဘော ကောသဘောနဲ့ အချိန်တန်တော့
သူ့စိတ်ကြိုက်လုပ်ပေးရတာပဲ။

ဧည့်ခံပွဲအပြီး ပါးနဲ့မားကို ဂါရဝပြုကြတော့....

"ပါးကတော့ မင်းတို့အိမ်ထောင်ရေးသာယာပါစေလို့ပဲဆန္ဒပြုပါတယ်။ နှစ်ယောက်တစ်ဘဝထူထောင်
ပြီဆိုမှတော့ အဆင်မပြေတာတွေ ညှိနှိုင်းမရတာတွေရှိလာမှာပဲ။ အဲဒါတွေကိုသည်းခံပြီး ဘဝရဲ့
နေဝင်ချိန်ထိ လက်တွဲမြဲအောင်ကြိုးစားကြပါ"

"ဟုတ်ကဲ့ပါ ပါးပြောသလိုဖြစ်အောင် ကျွန်တော်ကြိုးစားပါ့မယ်"

ဟန်ဘင်းဘက်က ပြောလာပေမယ့် အိမ်ကသားကတော့ တစ်လုံးမှပြန်ပြောမလာခဲ့ပါ။ သူ့သဘောထားမပါဘဲ မိဘတွေစီစဉ်တဲ့ပွဲဆိုတာ
သိသာအောင် ဆန္ဒပြနေတယ်ထင်ပါရဲ့..။

"သားကလည်း တစ်ခုခုပြောအုံးလေကွယ်"

"သားက ဘာပြောရအုံးမှာလဲ သူပြောတာပြည့်စုံနေပြီပဲကို"

မားပြောလို့ထပြောလာတဲ့စကားကိုကြည့် တကယ့်ဂျစ်တူးလေးပါဗျာ။

"အော် ဒီကလေးနှယ် ခက်လိုက်ပါဘိ"

"ရပါတယ် မား။ ကျွန်တော်ပြောတာလည်း ကောပြောတာပဲပေါ့။ ကျွန်တော်တို့ကိုခွင့်ပြုပါအုံးနော်
ပါးနဲ့မား။ အာပါးစောင့်နေမှာမို့ပါ"

"အော်...ဟုတ်သားပဲ မေ့နေလိုက်တာ။ သွားကြ
သွားကြ။ ဟိုကလေး ကောင်းကောင်းမွန်‌မွန်နေနော်"

"သိပါတယ် မားရာ။ ဟိုဘက်အိမ်လေးပြောင်းသွားတာကို မသိရင် တခြားကမ္ဘာသွားမလိုမှာနေတယ်။
ဆောင်းဟန်ဘင်း ပြန်မယ်ဆိုလည်း မြန်မြန်လာ"

ရှေ့ကနေထွက်သွားတဲ့ကောကိုကြည့်ပြီး မားက..

"ဘင်းနီး...သားရဲ့ကောကို သည်းခံပေးပါနော်။
မားတို့က သူမကြိုက်တာလုပ်မိတော့ ဆူပြောဖို့လည်း အားမရှိပါဘူး သားရယ်။ သားအပေါ်မှာ
ကျန်းဟောင့်က တစ်ခုခုအမှားလုပ်ခဲ့ရင် မားတို့ကိုပြောပြလို့ရတယ်နော်"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now