"Dee....Dee...."
ဟန်ဘင်းအလုပ်လုပ်နေတုံး ရုတ်တရက်ထမြည်လာတဲ့ဖုန်းကိုယူကြည့်လိုက်တော့ "Unknown No."
ဖြစ်နေတာမို့ မျက်မှောင်တစ်ချက်ကျုံ့ရင်း ချပစ်
လိုက်ဖို့လုပ်ပြီးမှ ကောရဲ့ဖုန်းတစ်ခုခုဖြစ်နေလို့
တခြားဖုန်းနဲ့ခေါ်တာဖြစ်နေရင်ရောဆိုတဲ့အတွေးနဲ့
ကိုင်လိုက်တော့..."ဆောင်းဟန်ဘင်း...ငါပါ၊ ယွန်းမီ"
"မင်းက ငါ့ဆီကို ဘာကိစ္စ"
ယွန်းမီက ဟန်ဘင်းထက် အသက်ကြီးမှန်းသိပေမယ့် ဘယ်လိုမှလေးစားမရတာမို့ တရိုတသေပြော
ချင်တဲ့စိတ်လည်းရှိမနေလို့ ဒီတိုင်း မင်းနဲ့ငါလို့ပဲ
သုံးမိတော့..."ကို့ဆီက ကြားဖူးထားတဲ့သတင်းနဲ့တော့ တခြားစီနော်၊ မင်းက အရမ်းရိုင်းတာပဲ၊ ဒါမှမဟုတ် မျက်နှာ
နှစ်ဖက်နဲ့လူများလား?"ခနဲ့သလိုရွဲ့သလိုပြောလာတဲ့စကားတွေသည်းမခံ
နိုင်ပေမယ့် မိန်းမတစ်ယောက်နဲ့ဖက်ပြိုင်မဖြစ်ချင်
တာကြောင့်..."ကောနဲ့ မင်းက တူလို့လား? ရိုင်းတယ်ထင်ရင်
ရိုင်းတယ်ပေါ့၊ လိုရင်းပဲပြော၊ မင်းက အရမ်း
အားနေပေမယ့် ငါက မအားဘူး""ကောင်းပြီလေ မင်းက ဒီလိုဆိုမှတော့ လိုရင်းပဲ
ပြောတာပေါ့၊ ကျန်းဟောင့်နဲ့ကွာရှင်းပေးပါ၊
ကျန်းဟောင့်က မင်းကိုမချစ်ဘဲ မိဘစကားကို
မလွန်ဆန်နိုင်လို့ လက်ထပ်ထားတယ်ဆိုတာ
တော့ သိတယ်မို့လား၊ အဓိကအချက်က
ကိုချစ်တဲ့သူက ငါဆိုတဲ့ ယွန်းမီကိုပဲ""ဟားဟား.... ဟား..."
ယွန်းမီစကားအဆုံး ဟန်ဘင်းက ဟက်ဟက်
ပက်ပက်အော်ရယ်မိတော့ တစ်ဖက်က အတော်
ဒေါသထွက်သွားပုံရပြီး.."မင်းက ဘာရယ်တာလဲ ကို့ရဲ့ရည်ရွယ်ချက်က
မင်းနဲ့ကွာရှင်းပြီး ငါနဲ့လက်ထပ်ဖို့ပဲ အဲအချိန်ကျမှနင်ရယ်နိုင်အုံးမလားဆိုတာ ငါကြည့်မယ်""သွေးရူးသွေးတန်းတွေ...ငါသိသလောက်တော့
ကောနဲ့မင်း ဒီရက်ပိုင်း လုံးဝမတွေ့ဖြစ်ကြဘူး
မဟုတ်လား? ငါထင်တာမမှားရင် တစ်လနီးပါး?
မဟုတ်မှ မင်းနဲ့ကော လမ်းခွဲလိုက်ပြီလား"
YOU ARE READING
ကျွန်တော့်ရဲ့ လူဆိုးကောင်လေး
Fanfictionကျွန်တော့်အတွက်တော့ ချစ်ခြင်းမေတ္တာမှာ Gender မလိုဘူး ကောဖြစ်နေဖို့ပဲလိုတယ်..!