"ကို...ကိုတအားပြောင်းလဲနေတယ်နော်"
တွေ့တွေ့ချင်းပြောလာတဲ့ယွန်းမီစကားကြောင့်
ကျန်းဟောင့် မျက်မှောင်တစ်ချက်တွန့်ရင်း..."ကိုယ့်ဘက်က ဘာတွေပြောင်းလဲနေလို့လဲ?
ပြောင်းလဲလာတာ ကိုယ်မဟုတ်ဘဲ မင်းလို့ရော
မထင်ဘူးလား ယွန်းမီ""ယွန်းမီက ဘာပြောင်းလဲရမှာလဲ? ကိုယ်သာ
အရင်နဲ့မတူတော့တာလေ၊ ဟိုနေ့က ယွန်းမီ
စိတ်ဆိုးလို့ပြောမှန်းသိရက်နဲ့ တကယ်လိုက်မပို့ဘူး၊
ချော့လည်း မချော့ဘူးလေ"တိုက်ခန်းမှာ သူနဲ့ယွန်းမီကို ဟန်ဘင်းတူတူတွေ့တဲ့
နေ့က ယွန်းမီစိတ်ဆိုးသွားမှန်းသိပေမယ့် ကိုယ်တိုင်လည်း စိတ်တွေရှုပ်နေတာမို့ ချော့ဖို့လည်းသတိမရ။"ကိုယ်တိုင်လည်း စိတ်ရှုပ်နေလို့ ယွန်းမီစိတ်ဆိုး
သွားတယ်ဆိုတာကိုမေ့သွားတာ Sorry""ကိုက ဘာကိုစိတ်ရှုပ်တာလဲ? တကယ်ဆို ဒီလိုမျိုး
များများဖြစ်လေ သူက ကို့ကိုစိတ်ကုန်လာပြီး ကွာရှင်းဖို့ ပိုနီးစပ်လေပဲလေ၊ စိတ်ရှုပ်ရမှာမဟုတ်ဘဲ
ပျော်ရမှာမဟုတ်ဘူးလား""ဟန်ဘင်းနဲ့ကွာရှင်းလိုက်တာနဲ့ ကိစ္စတွေအကုန်
အဆင်ပြေသွားမှာမဟုတ်ဘူးလေကွာ၊ မြန်မြန်ကြီး
ကွာရှင်းမယ်ဆိုရင် နှစ်ဖက်မိဘတွေလည်း သဘောတူကြမှာမဟုတ်ဘူး၊ ပြီးတော့ ဘယ်လောက်
မျက်နှာပြောင်တိုက်တယ်ဆိုဆို သူ့အိမ်ပေါ်မှာ ရည်းစားဟောင်းနဲ့ပျော်နေတာထိတော့ မလုပ်သင့်
ဘူးလို့ထင်တယ်""အဲဒါကြောင့် ကိုပြောင်းလဲသွားတယ်လို့ပြောတာ၊
ကိုယ့်ဘက်ကိုမကြည့်ဘဲ သူ့ပျော်ရွှင်မှုအတွက်
ကိုယ့်ကို ဒီဘဝထဲဆွဲသွင်းခဲ့တဲ့သူကို ကို့ဘက်က
ဘာတွေထည့်စဉ်းစားပေးနေတာလဲ"စကားအရှည်ကြီးပြောလိုက်ရတာကြောင့် မောသွားလို့ရေသောက်နေတဲ့အချိန် ယွန်းမီထပ်ပြောလာတဲ့
စကားကြောင့်..."ဒီကိစ္စကြောင့် သူ့ကိုမုန်းတာမှန်ပေမယ့် ဒီကိစ္စ
မတိုင်ခင်က ပင်းပင်းက ကိုယ်သိပ်ချစ်ခဲ့ရတဲ့
ညီငယ်လေးလေ၊ ဒီလောက်ထိတော့ ကိုယ်မလုပ်
နိုင်ဘူး ယွန်းမီ၊ အဲဒီကိစ္စဆက်မပြောကြစို့ကွာ
ကိုယ့်ကိုအချိန်နည်းနည်းပေး"
YOU ARE READING
ကျွန်တော့်ရဲ့ လူဆိုးကောင်လေး
Fanfictionကျွန်တော့်အတွက်တော့ ချစ်ခြင်းမေတ္တာမှာ Gender မလိုဘူး ကောဖြစ်နေဖို့ပဲလိုတယ်..!