Part - 21[Final]

656 49 1
                                    

သူစလိုက်လို့ ရှက်သွားတဲ့ကောင်လေးပုံစံက
ချစ်ဖို့ကောင်းပြီး ရင်ခုန်စေတာမို့ သည်းမခံနိုင်စွာနှုတ်ခမ်းလေးကို ဖွဖွနမ်းမိတော့ အံ့ဩနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လာပါတယ်။

"ကော....ကောစတာနော်...ပြီးမှ ကျွန်တော့်ကို
အပြစ်မတင်နဲ့"

အံ့အားသင့်နေတဲ့သူအသိဝင်လာပြီးပြောတဲ့
စကားကြောင့် ကျန်းဟောင့် အသံထွက်သည်ထိ
ရယ်မိပါတော့တယ်။ ဆောင်းဟန်ဘင်းလေးက
တကယ်ရိုးသားလိုက်တာ..။

"အပြစ်မတင်ပါဘူးကွာ... မင်းဘာသာ..တွေးချင်ရာတွေးထင်ချင်ရာ..."

"အွတ်စ်..."

ကျန်းဟောင့်ရဲ့စကားမဆုံးခင်နူးညံ့စွာဖိပိတ်လာတဲ့နှုတ်ခမ်းတစ်စုံရဲဲ့အထိတွေ့က နေပူပူမှာ သောက်သုံးခွင့်ရတဲ့ ရေကြည်အေးလေးလို။ Candy တွေချိုတယ်ဆိုတာ ဒီနှုတ်ခမ်းလေးကို ဘယ်မှီပါ့မလဲ။

အနမ်းကိုစတင်ခဲ့တဲ့သူက ကျန်းဟောင့်ဆိုပေမယ့်
ဦးဆောင်တဲ့သူကတော့ ဟန်ဘင်းပါပဲ။ နူးညံ့ခြင်းနဲ့
စတင်ခဲ့တဲ့အနမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ
နူးညံ့လာလိုက် နက်ရှိုင်းလာလိုက်နဲ့ ရိုလာကိုစတာ
စီးနေသလိုပင်။

လျှာဖျားလေးက ကျန်းဟောင့်နှုတ်ခမ်းဆီဝင်ဖို့
နူးနူးညံ့ညံ့ဝင်ခွင့်တောင်းလာတဲ့အခါ ဘယ်လို အင်အားနဲ့များ ငြင်းဆန်နိုင်မှာတဲ့လဲလေ။ ဒီလူသား
လေးနဲ့ပတ်သက်ရင် ဘာကိုမှ မငြင်းဆန်နိုင်လောက်သည်ထိ ငြိတွယ်သွားတာ မယုံနိုင်စရာ။

နူးနူးညံ့ညံ့နမ်း‌နေရာက တစ်ချက်တစ်ချက်
လျှာအချင်းချင်းရစ်ပတ်ပြီးဆော့ကစားတဲ့အခါ ကျန်းဟောင့်လက်သီးလေးများကိုပင် တင်းတင်းကြပ်ကြပ်ဆုပ်ထားမိပါရဲ့၊ ဘယ်ချိန်ကများ
ဒီကောင်ငယ်လေးက ဒီလောက်ထိအရွယ်ရောက်
လာရတာလဲလို့ တွေးမိရလောက်ထိ အနမ်းမှာကျွမ်းကျင်နေလိုက်ပုံများ။

အချိန်ကြာလာတာနဲ့အမျှ ကျန်းဟောင့်အသက်ရှူ
မဝသလို ခံစားရတာကြောင့် ရပ်ဖို့တွက် သူ့ရင်ဘတ်ကိုပုတ်ပြီးသတိပေးပေမယ့် ကိုယ်တော်လေးက နည်းနည်းတောင်မလှုပ်။ သည်းမခံနိုင်တဲ့အဆုံး
သူ့အောက်နှုတ်ခမ်းကိုကိုက်ချလိုက်မှ...

You've reached the end of published parts.

⏰ Last updated: Apr 05, 2024 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now