နမ်းမိပြီးတဲ့နေ့ကစ ခုထိ ဟန်ဘင်းနဲ့
မျက်နှာချင်းမဆိုင်မိအောင် ပတ်ရှောင်နေမိတာ
ဘာကြောင့်မှန်းမသိ။ ရည်းစားမထားဖူးတာလည်း
မဟုတ်ဘဲ နမ်းမိတဲ့ကိစ္စကြောင့် သူ့မြင်တိုင်း
ရှက်နေမိတာ မသိရင် အပျိုဖြန်းလေးလို..!ဟန်ဘင်းနဲ့နမ်းမိတဲ့အကြောင်း ဂျီအွန်းကိုပြောပြပြီး ဘယ်လိုလုပ်ရမလဲမေးမိတော့ "မင်းတို့နှစ်ယောက်က တရားဝင်လက်ထပ်ပြီးသားလေ နမ်းမိတာ
ဘာအရေးလဲ ဒီထက်အဆင့်တက်တောင်ရတယ်"
ဆိုပြီး ပြောလာလို့ ကျန်းဟောင့်မှာ မျက်နှာတစ်ခုလုံးနီရဲလာတဲ့ထိ ဖြစ်ခဲ့ရသေးတာ။ကိုယ့်မှာသာ မနေတတ်မထိုင်တတ်ဖြစ်နေပေမယ့်
သူကတော့ ဘာမှဖြစ်ပုံမရလို့ စိတ်ထဲမကျေနပ်၊
ကိုယ့်မျက်လုံးထဲ အမြဲတမ်းကလေးတစ်ယောက်လိုဖြစ်နေတဲ့ပင်းပင်းက ဘယ်တုံးက ဒီလောက်ထိ
ရင့်ကျက်သွားရတာများလဲ..?တစ်ဖက်က ဆောင်းဟန်ဘင်းမှာလည်း နမ်းမိတဲ့
နေ့ကစ သူ့ကိုရှောင်နေတဲ့ကောကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ စကားသွားပြောရင်လည်း စိတ်ဆိုးမှာကြောက်ရသေး၊ အခြေနေကောင်းပြီ
ထင်ထားရာက ခုလိုဖြစ်သွားတော့ ဘယ်ကစပြီး
ဘာလုပ်ရမယ်မသိ။လုပ်ချင်ရာလုပ်ထားမိပြီးမှ စိတ်ဆိုးမှာကြောက်ရကောင်းမှန်းသိတဲ့ကိုယ့်ကိုယ်ကိုယ်လည်းထုရိုက်
ပစ်ချင်မိရဲ့၊ Alcohol နည်းနည်းဝင်ထားလို့သာ
အဲနေ့ညက သတ္တိတွေသိပ်ကောင်းနေတာ၊ ခုများ
စကားတောင် သွားမပြောရဲပါချေ၊ ကောက သူ့ကို
ရှောင်လိုက် သူက ကောကိုရှောင်လိုက်နဲ့ တစ်အိမ်
တည်း တူတူနေပြီး မဆုံတာသုံးရက်ရှိပြီပြောရင်ယုံ။မနက်ဖြန်ဆို နှစ်သစ်ကူးတော့မှာမို့ Happy
New ကိုတော့ ကောနဲ့တူတူဖြတ်သန်းချင်သေးတာ။
ဒါပေမဲ့ စကားလည်းမစရဲ၊ ဒီညပါ ထပ်သောက်
လိုက်ရင်ကောင်းမလား ဒါဆိုပြောရဲသွားမလား..?"အား.....ဘယ်လိုလုပ်ရမလဲ ခက်ခဲလိုက်တာကွာ"
"ဘာ...ဘာဖြစ်လို့လဲ သူဌေး၊ ကျွန်မ
ဘာမှားသွားလို့လဲ"အတွင်းရေးမှူးရှိနေတာမေ့ပြီး သတိလက်လွတ်
အော်လိုက်မိတာကြောင့် အတွေးရေးမှူးခမျာ
ရုတ်တရက် သူအမှားလုပ်မိလို့လို့ထင်သွားပုံပင်။
YOU ARE READING
ကျွန်တော့်ရဲ့ လူဆိုးကောင်လေး
Fanfictionကျွန်တော့်အတွက်တော့ ချစ်ခြင်းမေတ္တာမှာ Gender မလိုဘူး ကောဖြစ်နေဖို့ပဲလိုတယ်..!