Part - 8

547 60 6
                                    

"ဟျောင်း...ကျွန်တော် အိမ်ကိုတန်းမောင်းလိုက်မယ်နော်။ ဒီတစ်ရက်တော့ အေးဆေးနားလိုက်"

"အိမ်မပြန်ချင်ဘူး ဂယူ၊ အလုပ်ကိုပဲပြန်မယ်"

"ဟာဗျာ မရပါဘူး အိမ်ပဲပြန်ရမယ်၊ ဒီနေ့‌တော့
ဘာမှမလုပ်ဘဲ ကောင်းကောင်းအနားယူပါလို့
ဆရာဝန်ကမှာလိုက်တယ်လေ"

"ကင်ဂယူဘင်း!!!"

"မသိဘူးဗျာ ကြိုက်သလောက်အော်၊ အလုပ်ကိုတော့ပြန်မပို့နိုင်ဘူး"

ဆေးခန်းကအပြန်အိမ်ပြန်မယ် ရုံးပြန်မယ်နဲ့
ငြင်းခုံနေရတာ ကလေးတွေလိုပါပဲ။ အဲဒီဂယူဟာ‌
တစ်ခါတစ်လေပြောစကားနားထောင်သလောက်
ဒီလိုအချိန်မျိုးဆိုသိပ်ခေါင်းမာပါတယ်။
အ‌ဆုံးမှာအလျှော့ပေးရတဲ့သူကတော့ ဟန်ဘင်း
ပါပဲ။

"အေး..အေး..သဘောပဲ၊ မင်းသဘော ဟုတ်ပြီလား? အာပါးထက် မင်းကိုပိုကြောက်နေရတယ်"

"ဟဲဟဲ...အဲလိုလုပ်စမ်းပါ၊ အစ်မမင်ဂျီဆီ ကျွန်တော်ဖုန်းဆက်လိုက်မှာမို့ ဟျောင်းကတော့ အိပ်လိုက်လာလို့ရတယ်နော်"

"အင်း...ရောက်ရင် နှိုးနော်၊ ခဏအိပ်မယ်"

မျက်လုံးမှိတ်ပြီး အသံရှူသံမှန်မှန်လေးနဲ့အိပ်ပျော်နေတဲ့ဟျောင်းက တကယ့်ကလေးလေးတစ်ယောက်လိုပါပဲ။ မျက်တောင်ရှည်ရှည်လေးတွေက ဟျောင်းဆီမှာ ဂယူ့ကျဆုံးခဲ့ရတဲ့လက်နက်လေးပေါ့။

တခြားသူတွေကတော့ ဟျောင်းနှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့အရစ်လေးတွေကြောင့် သဘောကျကြတာတဲ့၊ ကျွန်တော်ကတော့ မျက်တောင်ရှည်လေးတွေ‌ကြောင့် သဘောကျခဲ့တာ။

နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်‌ပျော်နေတာမို့ ဟျောင်းနေတဲ့တိုက်ရှေ့ရောက်နေပေမယ့် မနှိုးရက်၊ ညဘက်တွေမအိပ်ဘဲများနေတာလားဟျောင်းရာ။ ဒီလူသေးသေးလေးကကြာရင် လဲတော့မှာ၊ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်ဘယ်လိုစိတ်ချထားရမှာလဲ?

မျက်နှာလေးကိုကြည့်ပြီး အတွေးများနေတုံး လူးလွန့်လာတဲ့သူကြောင့်...

"ဟျောင်း...ထတော့ ရောက်ပြီ"

"အင်...အင်း...ရောက်ပြီလား"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now