Part - 13

506 56 5
                                    

ကောဆီက ဂရုစိုက်မှုသေးသေးလေးရတဲ့တစ်နေ့တာက ဟန်ဘင်းတွက် အပျော်ရွှင်ရဆုံးနဲ့ အဆင်ပြေဆုံးပါပဲ၊ လုပ်ငန်းကိစ္စဆွေးနွေးတာလည်းအဆင်ပြေ
တာကြောင့် ဒီနေ့က သူ့ရဲ့ lucky day ဆိုလည်းမမှားပေ။

ပျော်စရာတွေကိုတွေးပြီးကြည်နူးနေတုံး ဂယူ့ဆီက
ဖုန်းခေါ်လာတော့...

"ဟယ်လို...ခွေးပေါက်‌လေး"

"အာ...ဟျောင်း အသံက လုံးဝကိုတက်ကြွနေတာပဲ
ဘာတွေများပျော်စရာရှိလို့လဲ"

"ဟီး...ဒီတိုင်း မနက်ခင်းတည်းက ပျော်စရာနဲ့
စတင်ပြီး လုပ်သမျှအဆင်ပြေနေလို့"

"အဲလိုလေးပဲ အမြဲကြားချင်တာပါဗျာ၊ ဟျောင်း
ပျော်နေတာလေးသိရတော့ စိတ်ချမ်းသာရတယ်"

"ကျေးဇူးပဲ ဂယူရာ၊ ဒါနဲ့ ဖုန်းဆက်တာ ဘာပြောဖို့လဲ"

"ဟုတ်သားပဲ ဟျောင်းပျော်နေတာသိရတာနဲ့
အဓိကအကြောင်းရင်းပါ မေ့သွားတယ်၊ ဂွန်းဝုလေ
မနေ့က ပြန်ရောက်တာ၊ အဲဒါ ဒီည ကျွန်တော်တို့နဲ့
ဆုံချင်တာတဲ့၊ ဟျောင်းကို မပြောရဲလို့ ကျွန်တော့်ကိုပြောပေးဆိုပြီးပြောလို့ အဲဒါ ဟျောင်းလိုက်မှာလား"

ဂွန်းဝုက ဂယူနဲ့ရွယ်တူ သူရဲ့ဂျူနီယာလေးပါ၊ ဂယူနဲ့
ရင်းနှီးသလောက်မရင်းနှီးပေမယ့် ဟန်ဘင်းရဲ့ရှားရှားပါးပါးအသိထဲက တစ်ယောက်အပါအဝင်မို့
မသွားလို့လည်း မကောင်းချေ။

ကောဆီက ခွင့်တောင်းပြီးမှသွားရင်ကောင်းမလား၊
ဒီမနက်မှ နည်းနည်းလေးအဆင်ပြေသလိုဖြစ်နေတာကို ‌အိမ်ပြန်နောက်ကျရင် စိတ်ဆိုးနေမလား၊ ဘာပဲ
ဖြစ်ဖြစ် ကောကိုပြောပြီးမှပဲ သွားလိုက်တာကောင်းပါတယ်။

"အင်း...ဂယူ၊ ကောကို အရင်ပြောလိုက်အုံးမယ်နော်၊
ညဘက်နေမှာဆိုတော့ အခန်းမှာ ကောတစ်ယောက်ထဲမို့၊ ခဏနေ ဟျောင်းပြန်ပြောမယ်လေ"

"ဟုတ်ပြီ ဟျောင်း၊ တကယ့်ကို ကောကော
ထိပ်ထားစံလေးနော်"

"အာ...အဲလိုမဟုတ်ပါဘူး ဂယူရဲ့၊ ဟျောင်းတို့
နှစ်ယောက်က အဆင်မပြေပေမယ့် ညဘက်ဆို
ခုနစ်နာရီခွဲထက်နောက်ကျပြီး မနေကြတော့လေ"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now