အပိုင်း(၂)
မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် သည်နေ့ သည်အိမ်ကနေ ပြောင်းရတော့မည်ဟု တွေးပြီး စိတ်ချမ်းသာသွားသည်။အိပ်ရာထဲကနေ ဖျတ်ကနဲ ခုန်ထပြီး အိပ်ရာခင်းတွေ၊ခြင်ထောင်တွေကိုပါ ခေါက်ကာ မိုးကာအိတ် ခပ်ကြီးကြီး ကြီး တစ်လုံးထဲသို့ ထည့်သိမ်းလိုက်လေသည်။
ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။အိမ်ရှင်တွေလည်း အတူတူ သုံးကြေသာေကြာင့် ခပ်သွက်သွက်လေး ရေချိုးရသည်မှာ အကျင့်လို ဖြစ်နေပြီ။
အခုနေသည့် အိမ်က အိမ်ရှင်တွေသည် သဘောလည်းကောင်းသည်။
သန့်ရှင်းသပ်ရပ်မှုလည်း ရှိသည်။သို့သော် အိမ်နေမိသားစုများသည်။မနက်ခင်တိုင်း အိမ်သာသုံးချိန်၊ ရေချိုးချိန်တို့၌ မြန်မြန်သွက်သွက် ပြုလုပ်ရသည်။
ပြီးတော့ မီးဖိုချောင်ကိုလည်း သုံးခွင့်မရှိ။
ကျတော်ဇာတိ နယ်မြို့လေးမှာ နေစဉ်ကလို ခြံဝန်းကျယ်ကျယ် မရှိ၊ရေကိုလည်း စိမ်ပြေနပြေ မချိုးရ၊အိမ်သာကို လည်း စိတ်ဖြောင့် လက်ဖြောင့် မသုံးရပေ။ရောက်စကဆိုလျှင် တော်တော်နှင့် နေသားမကျသောကြောင့် မကြာခဏကြိတ်ငိုရလေသည်။
အခုတော့....
အိမ်အသစ် ကို ပြောင်းနေရတော့မည်ဖြစ်သည်။အိမ်ရှင်ကလည်း ကျွန်တော့်လို အမျိုးသား တစ်ယောက်ဖြစ်သည်။
မိသားစုလည်း မရှိ။ပြီးတော့ ခြံဝန်းကျယ်ကျယ်လေးလည်း ပါသလို၊ရေအိမ်တွေ ရေချိုးခန်းတွေကလည်း သပ်သပ်ရပ်ရပ် ရှိသည်။
မီးဖိုခန်းကိုလည်း သုံးခွင့်ပေးသေးသည်။ထိုအတွေးကြောင့် ပျော်မြူးပြီး ခုန်ပေါက်နေမိသည်။
"ဟေး"
ဟင်းတွေ စိတ်ကြိုက် ချက်ပြုတ်စားသောက်လို့ ရတော့မည်။ညဘက်၊ညဘက် အလုပ်က ပြန်လာလျှင် ဟင်းထုပ်၊ထမင်းထုပ်လေးတွေ ဆွဲလာပြီး ပြန်လာစရာ မလိုတော့။
ကြက်ဥထမင်းကြော်လည်းကြော်စားလို့ရတော့မည်။ခရမ်းချဉ်သီးလည်းထောင်းစားရမည်။ ခရမ်းသီး ကိုလည်း မီးဖုတ်ပြီး ထောင်းစားရမည်။အတွေးနှင့်ပင်သွားရည်ကျလာလေသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ