ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး
အပိုင်း(၆)
ကျွန်တော် အလုပ်က ပြန်လာသည့်အခါ အိမ်ပိုင်ရှင်ဦးလေးကြီး၏ ဆိုင်ရှေ့မှ ဖြတ်သွားရ ေ လသည်။ဆိုင်ရှေ့သို့ ကျွန်တော် ရောက်လု၊ရောက်ခင်မှာ ဗြုန်းဆို ဆိုင်ဝန်းတံခါးေပါက်ကနေ လူတစ်ယောက် ထွက်သွားသည်ကို မြင်လိုက်ရ ေလသည်။
လမ်းမီးရောင်တွေနှင့် သေသေချာချာ ကြည့်လိုက်တော့ အိမ်ပိုင်ရှင် ဦးလေးကြီးဖြစ်နေေလသည်။သူ့လက်ထဲမှာလည်း အထုပ်တွေက ဆွဲလာသေးသည်။
သူ တစ်ယောက်တည်း ထွက်လာတာ မလို့ နေ့လယ်က ကျွန်တော့်အကြောင်းပြောသည့် အစ်ကိုကရော..... အလုပ် အရင် ဆင်းသွားတာလား။ဒါမှမဟုတ်
အဲဒီအစ်ကိုက ဆိုင်စောင့်ရင်း ကျန်ရစ်ခဲ့လေသလား။ဪ.... ငါလည်းနော် ဦးလေးကြီးရဲ့ ဆိုင်အကြောင်းနှင့် သူ့ဝန်ထမ်းရဲ့ အကြောင်းကို အတော်လေး တွေးမိနေတာပဲ ဟု တွေးကာ အတွေးတွေကို ရပ်ပစ်ဖို့ ကြိုးစားလိုက်သည်။
"ဦးလေးကြီး"
ကျွန်တော့်ခေါ်သံကြောင့် ကျွန်တော့်ရှေ့ကနေ လမ်းလျှောက်နေရာမှ နောက်ပြန်လှည့်ကြည့်သည်။
"ဟင် ဘုန်းဇေယျာ
မင်းလည်း အခုမှ ပြန်လာတာလား""ဟုတ်တယ်ဗျ
ကျွန်တော်တို့ ဆိုင်က ညဘက်ပိုရောင်းရတယ်ေလ။""ဪ......"
ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီးတို့ဘေးချင်းယှဉ်လျှက် လမ်းလျှောက်ဖြစ်ကြသည်။
အင်းလေ။
ပြန်ရမည့် လမ်းကလည်း တစ်လမ်းတည်းပဲကို။"ဒါနဲ့ ဒီနေ့ မင်းရဲ့ အလုပ်နားရက်မဟုတ်ဘူးလား"
" ဟုတ်တယ်ဗျ။
ဒါပေမယ့် ဆိုင်က နေ့လယ်စာနဲ့ ညနေစာ ထမင်းကျွေးတယ်လေ။
အဲဒါ ကျွန်တော့်အတွက်ပါလာမယ့်
ထမင်းချိုင့် သွားယူတာ""ဪ..."
အိမ်ပိုင်ရှင် ဦးလေးကြီး၏... ဪ... ဆိုသည့် စကားလုံး၏ နောက်ဝယ် သည်ကောင်လေးနှယ် ထမင်းတစ်နပ်စကိုများ ဘတ်စ်ကားခ ကုန်အောင် သွားယူနေသေးတယ် ဟူသည့် အတွေးတွေလည်း ပါလာသည်ကို ကျွန်တော်သိသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ