part (04)

7.7K 382 14
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၄)
"ထွန်းထွန်း ရေ"

"ဗျာ အစ်ကိုကြီး"

"မင်း နေ့လယ်စာ မစားသေးဘူးလား"?

"စားမှာပေါ့ အစ်ကိုကြီးရ၊
အစ်ကိုကြီးက မစားသေးလို့ ကျွန်တော့်မှာ စောင့်နေရတာ.....
အူကို လိမ်နေပြီ"

ကပျက်ကချော်ပြောတတ်သော ထွန်းထွန်း၏ စကားလုံးများကြောင့် ကျွန်တော် ရယ်ချင်သွားသည်။

လှမ်းကြည့်လိုက်တော့ ထွန်းထွန်းက ဆိုင်ရှေ့ရိှ ပန်းပင်လေး ကို အသစ်စိုက်ပြီး ရေလောင်းနေသည်။

ထိုအပင်လေးသည် လွန်ခဲ့သော တစ်ပတ်ခန့်က မြေချခဲ့ပေမယ့် မနေ့ကပဲ သေသွားခဲ့သည်။
ထို့ကြောင့် ယနေ့ ထိုအပင်၏နေရာ၌ အပင်အသစ်တစ်ပင် အစားထိုးပြီး စိုက်ပျိုးခိုင်းထားခြင်း ဖြစ်သည်။

"ငါ ဒီနေ့ အိမ်ပြန်စားမှာကွ၊
ငါဝယ်ထားတဲ့ ဟင်းတွေကို မင်းပဲ စားလိုက်တော့"

"အိမ်ပြန်စားမယ် ဟုတ်လား အစ်ကိုကြီး"?

ကျွန်တော့်ဆိုင်မှာ သူအလုပ်လုပ်ခဲ့ ကြာပြီလေ ။တစ်လျှောက်လုံး ကျွန်တော် အိမ်ပြန်စားတာကို သူမကြုံဖူးခဲ့။
အခု ကျွန်တော် အိမ်ပြန်စားမယ် ဟု ပြောသောကြောင့် သူ အံ့ဩနေသည်။

"ဒီလိုကွာ....
အစောက မင်းမြင်လိုက်တဲ့ အိမ်ငှားကောင်လေး လေ၊
နေ့လယ်စာကို သူချက်ကျွေးပါရစေ ဆိုလို့
အဲဒါ
နေ့လယ်စာ အိမ်ပြန်စားရမှာကွာ"

ပျိုးပင်လေးတွေကို နေရိပ်သည့် နေရာသို့ ရွှေ့နေရင်းကနေ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ဖြေလိုက်သည်။

သို့သော် ထွန်းထွန်းကတော့ ပေါ့ပေါ့ပါးပါး တွေးဟန်မတူ။
ကျွန်တော့် အနီးသို့ ဗြုန်းကနဲ ပြေးလာပြီး ကျွန်တော့်မျက်နှာကို ပြုံးစေ့စေ့ လာကြည့်သည်။

ပါးစပ်ကလည်း အငြိမ်မနေ

"အမယ်
အမယ်
ပြောတော့ ကျွန်တော့်ကို ကြိုက်နေတာလား တဲ့ အခုတော့ နှစ်ယောက်သား ဘာလိုလို တေ‌ွ ဖြစ်နေကြပြီပေါ့။
ဟား ဟား ဟား
တို့ အကိုကြီးတော့ စွံတော့မယ်ဟေ့"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)Where stories live. Discover now