part (13)

5K 253 19
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၃)
ပန်းခြံထဲသို့ ရောက်သောအခါ
ကျွန်တော် တောင်ကြည့်၊မြောက်ကြည့်ဖြစ်နေတုန်းမှာ ဦးလေးကြီး မင်းရောင်ခန့်က ပန်းသီးလေးတွေကို အခွံခွာလိုက်၊ အစိပ်လေးတွေ စိပ်လိုက် လုပ်နေလေသည်။

မတ်တပ်ရပ်ရတာ ညောင်းလာသောအခါ ကျွန်တော်လည်း ဦးလေးကြီး မင်းရောင်ခန့် ထိုင်နေသည့် ဖော့ဖျာပေါ်သို့ ဝင်ထိုင်လိုက်လေသည်။

ပြီးတော့ ဖုန်းကို ထုတ်လိုက်သည် ။ဖုန်းကို ထုတ်ပြီးမှ ဦးလေးကြီး မင်းရောင်ခန့်ကို ကျွန်တော်က ဖုန်းမစွဲပါဘူး လို့ ပြောထားသည်ကို ပြန်သတိရလိုက်မိသည်။

ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဦးလေးကြီး ယူလာသည့် စာအုပ်တွေကို လှန်လှော ကြည့်လိုက်မိလေသည်။

"ဘာတဲ့ လမင်းမိုမို
ပုညခင်
လရောင်ကျူးရင့်
ဆုခြည်ကို
ဟင်.........
ဦးလေးကြီးဟာကလည်း အချစ်ဝတ္ထုစာအုပ်တွေ ချည်းပဲ"

"ဟောဗျာ ရည်းစားနဲ့ ချိန်းတွေ့တာကို အချစ်ဝတ္ထုတွေ ယူမလာလို့ သမိုင်းကြောင်းနောက်ခံစာအုပ် တွေ ယူလာရမှာလား ဘုန်းဇေယျာရဲ့။
မင်း ရည်းစားနဲ့ ပန်းခြံထဲမှာ လာချိန်းတွေ့နေတာနော်၊စာကြည့်တိုက်ကို ရောက်နေတာ မဟုတ်ဘူး"

ဦးလေးကြီး မင်းရောင်ခန့်က ပန်းသီးစိပ်တွေကို ပလတ်စတစ် ဗူး အကြည်လေးထဲ ထည့်နေရင်းပြောနေလေသည်။

နှစ်ယောက်အပြန်အလှန်စကားပြောနေရင်းကနေ အိမ်ပိုင်ရှင် ဦးလေးကြီးက ကောက်ညှင်းပေါင်း ချိုင့်ကြီးကို ဖွင့်ချလိုက်လေသည်။

ချိုင်းထဲက ထွက်လာသည့် ကောက်ညှင်းပေါင်းနံ့၊ငါးခြောက်ဖုတ် နံ့တွေကြောင့် ကျွန်တော် သွားရည်ကျတော့မည်။

"အခုမှ ဗိုက်ဆာလာသလိုပဲ။ဪ ပြောရအုံးမယ် ကျွန်တော်တို့ကရည်းစားတွေ မဟုတ်သေးပါဘူးနော် ဦးလေးကြီး။
ဦးလေးကြီးကို ကျွန်တော်အဖြေမှမပေးရသေးတာ"

"ဟင်! ဟုတ်ပါပြီ ထားလိုက်ပါတော့။
ရော့ စား နော်....ကုန်သွားရင် ရှိသေးတယ်။အပိုထည့်လာသေးတယ်"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)Where stories live. Discover now