ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး(BL Fiction)
အပိုင်း(၁၆)
အိပ်ရာက နိုးလာတော့ ကျွန်တော့် ညာဘက်လက်မောင်းတစ်ခုလုံး လှုပ်လို့ မရ။ဒါနဲ့ ကျွန်တော့်ရဲ့ ညာဘက်လက်မောင်းကို လှည့်ကြည့်လိုက်သည့်အခါ ဘုန်းေဇယျာ၏ ဝင်းမွတ်နေတဲ့ မျက်နှာ နုနု၊ချောချောလေးကို မြင်လိုက်ရ ေလသည်။ညတုန်းက ကျွန်တော် သူ့အခန်းထဲမှာ သူနဲ့ အတူ အိပ်ခဲ့ရတာပါလား
ဟူသောအတွေးနှင့်အတူ ဖြစ်ပေါ်လာသည့် ခံစားချက်က နွေးထွေးသည်။ကျွန်တော်က ချစ်ရသည့်သူ၊ကျွန်တော့်ကိုလည်း ချစ်သည့်သူနှင့် အတူတူ တစ်အိပ်ရာတည်း ရှိနေရသည့် ခံစားချက်က တသိမ့်သိမ့်ပါပဲ။
အတွေးနှင့်အတူ ဘုန်းဇေယျာ၏ မျက်နှာ ချောချောလေးကို တစိမ့်စိမ့်ငေးကြည့်နေမိပြန်သည်။
ကျွန်တော့် ညာလက်မောင်းပေါ်ခေါင်းအုန်းကာ ကျွန်တော့်ဘက်သို့ မျက်နှာမူပြီး အိပ်ပျော်နေသည့် ကောင်လေး။
"ကျွန်တော်က တစ်ယောက်တည်းပဲ အိပ်တတ်တာ"
ဟု ပြောခဲ့ဖူးသည့် ကောင်လေး။
"ဦးလေးကြီး ထ,ထ ဒီမှာ ခြင်ကိုက်လိမ့်မယ် ဒီဆိုဖာ သေးသေးကျဉ်းကျဉ်းေလးမှာ အိပ်ရင် မနက်ကျ ကိုယ်လက်တွေ နာနေလိမ့်မယ် ကျွန်တော့် အခန်းမှာ ကျွန်တော်နှင့် အတူ လာအိပ်"
လို့ ပြောခဲ့တာလည်း ဒီကောင်လေးပါပဲ။
ဒီကောင်လေး၏ စကားသံလေးတွေကို ပြန်ကြားယောင်ေနရင်း တစ်ကယ့်အရေးကျ ကျွန်တော့်ဘက်ကို ကြည့်ပေးသော၊ကျွန်တော့် အတွက်စဉ်းစားပေးသော တစ်ဦးတည်းသော လူသားလေးပါပဲ။
"အဟင်း ၊
ချစ်စရာကောင်းလိုက်တာ ဘုန်းရယ်။
မင်းလေး အိပ်ပျော်နေတုန်းမို့ ဝန်ခံရဦးမယ်၊ဦးလေ ချစ်သူ ရှိခဲ့ဖူးပေမယ့် ဦးအတွက် စဉ်းစားပေးတာမျိုးကိုတော့ မင်းနဲ့မှ ရဖူးတာပါကွာ ....သိလား""အင်း.......ဟင်"
ကျွန်တော့် စကားပြောသံတွေကြောင့် ထင်ပါသည် ဘုန်းဇေယျာ တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လူးလွန့်လာလေသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Fiksi Remajaအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ