part (11)

5.6K 259 7
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး
အပိုင်း(၁၁)
ကျွန်တော် အိမ်ပိုင်ရှင်ဦးလေးကြီး၏ မျက်နှာကို မယုံနိုင်သလို မော့ကြည့်လိုက်မိသည်။
အိမ်ပိုင်ရှင်ဦးလေးကြီး၏မျက်နှာက တည်ကြည်ပြီး မျက်လုံးတွေကလည်း အလေးအနက် ဖြစ်နေလေသည်။

"အမှန်တော့
မင်းကို စ,တွေ့ကတည်းက ဦး သဘောကျနေမိတာပါ ဘုန်းဇေယျာ"

အိမ်ပိုင်ရှင် ဦးလေးကြီးတော့ လေးလေးနက်နက်ပြောနေပေမယ့် ကျွန်တော်ကတော့ အခု ကြင်နာလိုက် ခဏနေ ငြိုငြင်လိုက် လုပ်တတ်သည့်
ဒီလူကြီးကို မယုံကြည်နိုင်ပေ။

"သဘောကျ လွန်းလို့
ဦး ကိုယ် ဦးတောင် စိတ်တိုမိခဲ့ပါတယ် ဘုန်းဇေယျာ"

သူပြောသလို သူ့ကိုယ်သူ စိတ်တိုတာရော ဟုတ်ပါ့မလား။
သူ့အရင်တုန်းက အတိတ်ဆိုးက လူတစ်ယောက်ကြောင့် နာကျင်နေတာ မဟုတ်ဘူးလား။
အဲဒီနာကျင်မှုတွေက အရှင်းမပျောက်သေးပဲ အနည်ထိုင်ရုံ ဖြစ်နေမှာကို ကျွန်တော်ကြောက်သည်။

ဒါပေမယ့်
ကျွန်တော်ကတော့ အိမ်ပိုင်ရှင်ဦးလေးကြီးကို  အဲဒီနာကျင်မှုတွေဆီကနေ ရုန်းထွက်လာနိုင်ပြီး ပျော်ရွှင်လာစေချင်သည်။

"မနက်ဖြန် ဆိုင်ပိတ်လို့ ရလား
ဦးလေးကြီး"

"ဟင်"

အိမ်ပိုင်ရှင်ဦးလေးကြီးက အံ့ဩသွားသည်။

"ရ....
ရပါတယ် ဘာလို့လဲ ဟင် ဘုန်းဇေယျာ"

"ဦးလေးကြီးက ကျွန်တော့်ကို ချစ်နေတာ မဟုတ်လား"

"ဟုတ်....ဟုတ်ပါတယ်။ဘာလို့လဲ
ဘုန်းဇေယျာက တစ်နေရာရာသွားချင်လို့လား"

"ဟုတ်တယ် ဦးလေးကြီး မရဘူးလား"

"ရပါတယ် ဘုန်း‌ေဇယျာရယ် ရတာပေါ့။
ဦး စီစဉ် လိုက်မယ်လေ။
ဒါဆို ဘုန်း‌ေဇယျာက ဦး အချစ်ကို လက်ခံလိုက်တာလား"

ကျွန်တော်  အိမ်ပိုင်ရှင်ဦးလေးကြီးကို ကြည့်ပြီး အံ့ဩမိသည်။တုံးအတာလား။
ဒါမှ မဟုတ် ကျွန်တော့် ပါးစပ်ကနေ သူ့ အချစ်ကို လက်ခံပါတယ်လို့ ပြောတာကို ကြားချင်တာလား
တစ်ခုခုတော့ တစ်ခုခုပဲ။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)Where stories live. Discover now