အပိုင်း(၈)
မနက်က အိမ်ပိုင်ရှင် ဦးလေးကြီး၏ အပြုအမူကြောင့် ဒီနေ့ တစ်နေကုန် အလုပ်မှာ ကသောင်းကနင်း ဖြစ်နေလေသည်။ဟင်းပွဲ အမှာတွေ၊
အပြင်အော်ဒါ အမှာတွေ အရမ်းများသောကြောင့် တစ်နေကုန် အလုပ်နှင့်လက်နှင့် မပြတ်အောင် ချက်ပြုတ်နေရသည့်ကြားက အိမ်ပိုင်ရှင် ဦးလေးကြီး၏ ဒေါနှင့်မောနှင့် ပြောဆိုသွားသည့် စကားတွေကို ပြန်လည်ကာ ကြားယောင်ပြီး တနုံ့နုံ့နှင့် ဒေါသထွက်နေမိသည်။"သူအဲဒီလောက် ပေါက်ကွဲနေရအောင် ငါက သူ့ကို ကြိုက်ပါတယ်။သဘောကျပါတယ်လို့ ပြောမိလို့လား"
ထမင်းပေါင်း ပေါင်းရန်အတွက် ဟင်းချက်နေရင်းကနေ ပါးစပ်ကလည်း ပွစိ၊ပွစိပြောဆိုနေမိလေသည်။
"သူ့ဘာသာသူ ချော်လဲတာလေ။
ငါလဲချင်လို့ လဲတာမှ မဟုတ်တာ။
သူ့ကို အထာပေးချင်လို့ ဝင်တိုက်တယ်လို့ ထင်နေသလား။
သူကဖြင့် အသက်ကြီးပြီး အဖိုးကြီးဖြစ်နေပြီ ။""ဘဝင်မြင်နေတာ ရုပ်ကဖြင့်....."
မကျေမနပ်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး၏ ရုပ်ရည်ကို နှိမ်ဖို့ အပြစ်ရှာမိသည်။
အပြစ်ရှာပေမယ့် အိမ်ပိုင်ရှင် ဦးလေးကြီး၏ မျက်နှာသည်မနူပျိုတော့တာကလွဲလို့ အပြစ်စရာ မရှိလောက်အောင်ကို အဆင်ပြေနေသောကြောင့် နှိမ်လို့ မရနိုင်
"အင်း.......နည်းနည်းကြည့်ကောင်းတယ်ပဲ ထားပါတော့။ပြီးတော့ ဘာတဲ့
နောက်ဆို အသက်ကြီးတာကိုပဲ အပြစ်ရှာပြီး ထားခဲ့အုံးမယ်တဲ့လား။
သူ့ကို တစ်ယောက်ယောက်က ထားခဲ့လို့ ဖြစ်မှာပေါ့""ထားခဲ့ခံရရင်လည်း ထားခဲ့တဲ့ကောင်ကို သွားပြောလေ။ငါ့ကို ဘာလို့ လာပေါက်ကွဲနေတာလဲ။ဟာကွာ....
အလုပ်ထဲကို စိတ်နှစ်လို့ မရတော့ဘူး""တစ်ယောက်တည်း ပွစိ၊ပွစိနဲ့ ဘာတွေပြောနေတာလဲ ဘုန်းရေ"
ဆိုင်ပိုင်ရှင် အစ်မက မီးဖိုဆောင်ထဲသို့ ဝင်လာကာ ကျွန်တော့်ကို မြင်သွားသည်။
ဘာမှ မဖြစ်သလို ဟန်ဆောင်ကာ အစ်မကို ရယ်ပြလိုက်သည်။"သီချင်းဆိုနေတာပါ အစ်မရဲ့"
"နေ့လယ်စာ စားရအောင်လေ။
လူရှင်းသွားပြီ။
အစ်မ ချက်ကျွေးမယ် ဘာစားကြမလဲ"
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ