ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၅)
ရုပ်ရှင်ရုံထဲသို့ ရောက်ေသာအခါဦးလေးကြီးမင်းေရာင်ခန့်သည် ရုပ်ရှင်ကိုပဲ စိတ်ပါ၊လက်ပါ ကြည့်နေလေသည်။ရုပ်ရှင်ကိုပဲ စိတ်ဝင်တစား ကြည့်နေတော့ ကျွန်တော် အမြင်ကပ်မိသည်။
တစ်ကယ်ဆို ကျွန်တော်နှင့်ဦးလေးကြီး မင်းရောင်ခန့်တို့ ထိုင်ကြသည့် ခုံတွေက အတွဲခုံတွေ ဖြစ်သည်။
ဖက်တာ၊နမ်းတာမျိုး လုပ်ကြဖို့ဆိုတာထက် ကျွန်တော့် မျက်နှာလေးကို အရိပ်တကြည့်ကြည့် ငေးကြည့်တာမျိုး၊ကျွန်တော့်လက်ဖဝါးလေးကို ဆုပ်ကိုင်ပေးထားတာမျိုး လောက်တော့ လုပ်သင့်သည်ဟု ကျွန်တော်ထင်သည်။
သို့ပေသည့် ဦးလေးကြီးမင်းရောင်ခန့်က ထောပတ်ပေါက်ပေါက်တွေ ကို တစ်စေ့ချင်း စားကာ ရုပ်ရှင်ကိုပဲ ကြည့်နေတော့သည်။
ရုပ်ရှင် ဇာတ်လမ်းက ကောင်းပါသည်။ဒါပေမယ့် ဦးလေးကြီးမင်းရောင်ခန့် ကျွန်တော့်ကို မေ့နေတာကတော့ လွန်လွန်းသည်ဟု ကျွန်တော်ထင်သည်။
သူက ကျွန်တော့်ကို ဂရုမစိုက်လေလေကျွန်တော်က မခံစားနိုင်လေလေပါပဲ။ဘယ်လောက်တောင် မခံစားနိုင်သလဲဆိုရင် ရုပ်ရှင်ကို လုံးဝ စိတ်မဝင်စားနိုင်တော့ပဲ ဦးလေးကြီးမင်းေရာင်ခန့်ကိုသာ ထိုင်ကြည့်နေမိတော့သည်။
"ဒီ မင်းသားကို ဦး အရမ်းကြိုက်တာသိလား။တကူးတက ကြီး ကြည့်တာမျိုး မဟုတ်ပေမယ့် ကြုံလို့ ကြည့်မိတိုင်း အကြည့်မလွှဲနိုင်ဘူး"
ရုပ်ရှင်ဇာတ်ကား တစ်ဝက်ကျိုးတော့မှ ကျွန်တော့်ကို စကား စပြောလာသည်။
စကားသာ လာပြောတာရယ် ကျွန်တော့်ကို မကြည့်ပေ။"ဘုန်းရော မကြိုက်ဘူးလား"
သူပြောသည့် စကားကို ပြန်မတုံ့ပြန်ပဲ စိတ်ကောက်ပြီး ငြိမ်နေသည့် ကျွန်တော့်ကို ခုမှမေးဖော်ရတော့သည်။
ကျွန်တော် ဘာမှ ပြန်မဖြေဖြစ်။
ကျွန်တော်ကတော့ သူ ဇာတ်လမ်းကိုကြိုက်လို့ စိတ်ပါဝင်စားစွာ ကြည့်နေတယ်လို့ ထင်နေခဲ့ေပမယ့်
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ