အပိုင်း(၃)
အထုပ်အပိုးတွေကို နေရာချသည်။
အိပ်ရာကို သေသေချာချာလေး ခင်းကာ ပြင်ဆင်ထားလိုက်သည်။"တော်သေးတယ် လွန်ခဲ့တဲ့ (၁)ပတ်ကပဲ စောင်တွေ၊ခင်ထောင်တွေ ကို တစ်လှည့်စီ လျှော်လှန်းထားလို့"
တစ်ယောက်တည်း ရေရွတ်ပြောဆိုရင်း
စောင်တွေ လှန်းစရာ နေရာ မရှိသည့် အရင် အိမ်ငှားနေသည့် အိမ်အကြောင်းကို စဉ်းစားကာ ပခုံးတွန့်လိုက်မိသည်။ယခု ရောက်နေသည့် အိမ်၏ ခြံဝန်းကျယ်ကျယ်ကြီးကို လှမ်းကြည့်ကာလည်း ရယ်လိုက်မိသည်။
"ဒါမျိုးမှ ပေါ့။"
လို့လည်း တစ်ယောက်တည်း ထောက်ခံ နေမိပြန်ပါသည်။
ပြောရရင်ဖြင့် မနက်စောစောနှင့် ညအချိန်များ၌ ရေအိမ် မလုတာမျိူး၊(နေ့ဘက်ကျ ကျွန်တော်လည်း တစ်နေကုန်လုံး လိုလို ကျွန်တော် အလုပ်လုပ်သည့် ဆိုင်ကို သွားနေရသည်ကိုး)
ရေလုမချိုးရတာမျိုး ၊အဝတ်အစားတွေ နေပြစရာ ခြံဝန်းကျယ်ကျယ်လေး ရှိနေတာမျိုးကပင် ကျွန်တော့် အတွက်တော့ လောက နိမ္ဗာန် သဖွယ် အရသာ ရှိနေပါပြီ။
အားလုံးကို နေရာတကျ နေရာချပြီးသည့် အခါ ထမင်း၊ဟင်း ချက်ဖို့ အတွက် ဈေးဝယ်ရမှာကို သတိရလာသည်။
အိမ်ထဲက မီးခလုတ်တွေ လိုက်ပိတ်သည်။ပြတင်းပေါက်တွေ လိုက်ပိတ်သည်။
ပြှီးတော့ အိမ်တံခါးပေါက်ကို သော့ခတ်လိုက်သည်။တစ်ဆက်တည်းမှာပင် ခြံဝန်းတံခါးပေါက်မကြီးဆီသို့ လျှောက်လာခဲ့ တော့သည်။
"အင်း လာသာ ပင်လေးတွေကို မမြင်ရတာတောင် ကြာနေပြီပဲ
မင်းတို့ကို မြင်တော့ ငါ့ကလေး ဘဝကိုတောင် ပြန်လွမ်းသွားရပြီကွာ"ခြံ ဝန်းအပေါက်နားမှာ စိုက်ထားသည့် လသာပင်က လသာပန်းပွင့်လေးတွေကို ငေးကြည့်ကာ ရေရွတ်လိုက်မိလေသည်။
ပြီးတော့မှ လမ်းထဲကို ထွက်လာကာ ခြံဝန်းတံခါးကိုပါ ပိတ်ခဲ့သည်။
လမ်းထဲကို ထွက်လာတော့ အတန်ငယ် လူသူ ရှင်းနေတာကိုပါ တွေ့လိုက်ရလေသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျတော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ?။ ဘုန်းဇေယျာ