အပိုင်း(၁၀)
ကျွန်တော် အိပ်ရာက နိုးနိုးချင်း ညတုန်းက အိမ်ပိုင်ရှင်ဦးလေးကြီး နေမကောင်းတာကို သတိရသွားသည်။"ဝါှး....ဦးလေးကြီး နေမကောင်းတော့ ငါပဲ မနက်စာ ပြင်ရမှာပေါ့"
အိမ်ပိုင်ရှင် ဦးလေးကြီး နေမကောင်းတော့ ကျွန်တော်ကိုယ်တိုင် မနက်စာ ချက်မည်ဟု ဆုံးဖြတ်လိုက်သည်။
"ဦးလေးကြီးရော သက်သာရဲ့လား မသိဘူး"
အ ေတွးနှင့် အိပ်ရာထဲကနေ လူးလိမ့် ထလိုက်သည်။မျက်နှာသစ်ဆပ်ပြာ၊ရေချိုးဆပ်ပြာနှင့် သဘက်ကို ယူကာ ရေချိုးခန်းထဲသို့ ဝင်လာသည်။
ရာသီဥတုက တအားမပူပေမယ့် ပူစပ်ပူလောင်တော့ ဖြစ်နေသည်။
ထို့ကြောင့် အိပ်ရာက နိုးနိုးချင်း ရေချိုးလိုက်မှ တစ်နေကုန် သက်တောင့်သက်သာ နေလို့ရသည်။ရေပန်းကို ဖွင့်ကာ
ရေချိုးလိုက်သည်နှင့်
ကျွန်ေတာ် အရာရာကို မေ့သွားသည်။အိမ်ပိုင်ရှင် ဦးလေးကြီး နေမကောင်းတာကိုလည်း မေ့။ကျွန်တော် ကိုယ်တိုင် မနက်စာပြင်ရမည်ကိုလည်း မေ့သွားသည်။အပူအပင် အားလုံးကို မေ့ပြီး ရေချိုးဆပ်ပြာနံ့မွှေးမွှးလေး၊ရှန်ပူနံ့သင်းသင်းလေး၊ရေ အေးအေး လေးကိုသာ အရသာခံနေမိသည်။
သီချင်းလေးလည်း ညည်းလိုက်သေးသည်။
"ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်"
ရေချိုးပြီးသွားမှ ကိုယ်တိုင်မနက်စာပြင်ရမည်ကို သတိရသွားသည်။သို့နှင့်
အဝတ်အစား ကို ခပ်သွက်သွက်လေးဝတ်ပြီး ခေါင်းဖြီးကာ မီးဖိုခန်းထဲသို့ ဝင်လာခဲ့လေသည်။
"ဟင်"
မီးဖုတ်ပြီးစ မွှေးပြီး နီရဲနေသည့် ငါးရံ့ခြောက်တွေကို ထုထောင်းနေသည့် အိမ်ပိုင်ရှင် ဦးလေးကြီးကို မြင်လိုက်ရလေသည်။
"ဟော ရေချိုးလို့ ပြီးသွားပြီလား။
ထမင်းထည့် လိုက်တော့ ဘုန်းေဇယျယျာရေ......
အခု မနက်တော့ ငါးရံ့ခြောက်ဖုတ်လေးကို ဆီရွှဲရွှဲေလးဆမ်းပြီး မနက်စာ စားကြရအောင်ကွာ။
ချဉ်ပေါင်ရွက် အချဉ်ဟင်းနဲ့ ငရုတ်သီးထောင်းလည်း ကျက်ပြီ"
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Teen Fictionအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ