ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၇)ရပ်ကွက်ဈေးထဲသို့ မရောက်ဖြစ်တာ
တော်တော်ကြီးကို ကြာပါပြီ။
ဆီးဖြူသီးထောင်း ထောင်းစားမည်ဟူသော စိတ်ကူးနှင့်ရောက်လာခြင်း ဖြစ်သည်။ဟိုအရင်တုန်းက ဝယ်နေကျဈေးသယ်လေးတွေရှိရာဘက်သို့ လျှောက်လာခဲ့လေသည်။
"ဇီးဖြူသီး ဘယ်လို ရောင်းလဲ ညီမ"
ပိုက်ဆံတွေ ရေတွက်နေရာမှ ဈေးသယ်မလေးက ကျွန်တော့်ကို မော့ကြည့်သည်။
"ဪ ဟို အစ်ကိုကြီးပဲ။
မမြင်တာ အတော်ကြာပြီနော် အစ်ကိုကြီး။ ဇီးဖြူသီးက နို့ဆီဗူးနဲ့ တစ်ဗူးကို ၇၀၀ ပါ""တစ်ဘူး ယူမယ်နော်"
"ဟုတ်ကဲ့ အစ်ကိုကြီး။
ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးတွေ လည်း အားပေးသွားပါအုံး""အေး ဟုတ်သားပဲ။
၂၀၀ဖိုးစီ ထည့်လိုက်""၂၀၀ ဖိုး ဆိုရင် နည်းနည်းလေးပဲ ရမှာ အစ်ကိုကြီးရဲ့"
"ရပါတယ် တစ်ခါချက်ပဲ"
"ဟုတ်ကဲ့ ပိုထည့်ပေးလိုက်မယ်နော်။
အစ်ကိုကြီး။ဒါနဲ့ အမြဲအတူပါလာတဲ့ကောင်လေးရော မပါဘူးလား"မမှတ်မိလောက်တော့ဘူးဟု ထင်ထားပေမယ့် မှတ်မိနေကြသေးသည်။
ကျွန်ေတာ်ကလည်း သူ့ဆီမှာ ဝယ်နေကျ ဖောက်သယ်တွေ ဖြစ်ခဲ့သည်။
"မပါဘူး ညီမလေး
သူဆုံးသွားပြီ""ဟယ် ဟုတ်လား စိတ်မကောင်းလိုက်တာ အစ်ကိုကြီးရယ်။မသိလို့ မေးမိတာပါနော်"
"ရပါတယ် ညီမလေး သွားမယ်နော်။
ဇီးဖြူသီး အိတ်ရယ်၊နံနံပင် ငရုတ်သီး အိတ်ရယ်ကို လက်မှာ ဆွဲကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။
ဈေးကိုရောက်တိုင်း အတိတ်ကို ပြန်သတိရမိသောကြောင့် အတတ်နိုင်ဆုံး မလာဖြစ်အောင်ရှောင်နေခဲ့သည်။
လာကြည့်လိုက်တော့လည်း သတိတော့ ရပေမယ့် ဖြေသာရမည့် အချိန်ကို ရောက်နေပါပြီဟု တွေးကာ အိမ်သို့ ပြန်လာခဲ့ေလသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Novela Juvenilအင်း တစ်ယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တစ်ယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျွန်တော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ။ ဘုန်းဇေယျာ