part (01)

29.9K 787 40
                                    

အပိုင်း(၁)
ပထမဦးဆုံး တွေ့ဆုံခြင်း

အိမ်လေးက တစ်ထပ်တိုက် လေး၊
ရေချိုးခန်းနှင့် အိမ်သာက ခြံထဲမှာ သီးသန့်‌ေဆာက်ထားသည်ကို မြင်ရသည်။

အိမ်၏အရှေ့ဘက်ခြမ်း၌ ရေသိုလှောင်ထားသည့် အုတ်ကန် ခပ်ကြီးကြီး တစ်လုံးလည်း ရှိနေလေသည်။

ဤတစ်ထပ်တိုက်လေးထဲက တိုက်ခန်း တစ်ခန်းပိုနေသည် အငှားထားမည်ဟုကြော်ညာ ထားသောကြောင့် ကျွန်တော်ရောက်လာခြင်း ဖြစ်သည်။

ခပ်ကျယ်ကျယ်လေး ဖြစ်သော ခြံဝန်းထဲ၌ ပန်းပင်လေးတွေ၊ပျိုးအိတ်ကလေးတွေကိုပါ တွေ့ရသည်။

"ပျိုးပင်ရောင်းတာများလား"

တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း ကျွန်တော် တိုက်အိမ်လေး၏ အဝင်တံခါးဝ၌ ရပ်တန့်ရပ်သည်။

"အိမ်ရှင်တို့
အိမ်ရှင်တို့"

အိမ်ရှင်တို့ လို့ အော်ခေါ်လိုက်ပေမယ့် ဤအိမ်မှာ အိမ်ရှင်အမျိုးသားတစ်ယောက်တည်းသာ ရှိသည်ဟူ၍ ကျွန်တော် သိထားသည်။

ထို့ကြောင့် ငှားရမ်းနေထိုင်ရန်အတွက် ကျွန်တော် စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးတွေ ရှိသည့် အိမ်‌ေတွဆို အနေအထိုကျဉ်းကျပ်သည်ဟု ခံစားရသောကြောင့် တော်ရုံဆို
ရှောင်လေ့ရှိသည်။

ကျွန်တော် လှမ်းအော်‌ေခါ် လိုက် ပြီး သည့်နောက် ခဏအကြာ  လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက် ထွက်လာ‌ေလသည်။

ကျတော့် စိတ်ထဲက ခန့်မှန်းချေအရ အသက်အရွယ် ၄၀ အရွာ်လောက်ဖြစ်မည်ထင်ပါသည်။

စွပ်ကျယ်ဂျိုင်းပြတ် အဖြူနှင့်
ပုဆိုးခပ်လတ်လတ်ကို သေသေသပ်သပ်ဝတ်ဆင်ထားသည်။

ဘာမှ လိမ်းမထားသည့် မျက်နှာရယ်၊
ကိုင်းခပ်ကြီးကြီးနှင့် မျက်မှန်ရယ်ကို တပ်ထားသည်။

ပြီးတော့ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးတွေလည်း ရိတ်ထားပုံမရ၊
အနည်းငယ် ပြူတစ်၊ပြူတစ် ထွက်နေကြသော နှုတ်ခမ်းမွှေး ခပ်စစတွေ ကိုပါ မြင်‌ေနရ ‌ေလသည်။

မျက်နှာ အချိုးအစားကတော့ သိပ်မဆိုးလှဟု ထင်ရသည်။မျက်ခုံး၊မျက်လုံး၊နှာတံ ၊နှုတ်ခမ်းတို့က ပိရိသေသပ်လှသည်။

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)Where stories live. Discover now