အပိုင်း(၂၂)
"ဘုန်းရေ ဒီမီနီမားကပ်မှာ သရက်သီး ရေခဲချောင်း ရှိတယ်၊အရမ်းစားလို့ ကောင်းတယ် သိလား?
ဈေးနောက္မှဝယ်ပြီး ရေခဲချောင်း အရင်စားရအောင်နော်""ဟုတ်"
ဒီနေ့က ကျွန်တော့်ရဲ့ အလုပ်နားရက် ဖြစ်သည်။ထို့ကြောင့် ဒီနေ့ အိမ်မှာ ဦးလေးကြီး မင်းရောင်ခန့်နှင့် အတူ ကောက်ညှင်း နှစ်ပြန်ပေါင်းနှင့် အကြော်စုံ ကြော်စားကြဖို့ တိုင်ပင် ပြီး အိမ်နှင့် မနီးမဝေးရှိ မီနီမားကပ်သို့ ထွက်လာခဲ့ကြတာ ဖြစ်သည်။
"ဒီနေ့က စိုးမီမီ တို့ မိသားစုကိုလည်း လှမ်းခေါ်ကြအုံး မလား ဟင်"?
တစ်ကယ်ဆို ကျွန်တော်ကသာ ဟိုး အစောကြီးကတည်းက မသိခဲ့ပေမယ့် စိုးမီမီတို့ မိသားစုကလည်း ဒီမြို့မှာပဲ ရှိနေကြတာလေ။
ဦးလေးကြီး မင်းရောင်ခန့်က ကျွန်တော့် ကို တိုင်ပင်သည်။သူသည် အိမ်ထောင်ဦးစီး ဖြစ်လျှင်လည်း လိမ်မာပါမည် ဆိုသည့် သဘောပင် ဖြစ်သည်။
ကျွန်တော်ကသာ တားလျှင် သူ့ညီမကို မခေါ်ဘူး ဟူသော အချိုး။တစ်ကယ်တမ်းသာ တားကြည့် သူမခေါ်ပဲ နေပါ့မလား?။
သို့သော်
စမ်းသပ်ပြီးတော့ပင် မတားမြစ်ချင် လူဆိုသည်က မိသားစု ကို ခင်တွယ်တတ်ကြသည်ချည်း။
ကျွန်တော်လည်း ကျွန်တော့် မိသားစု ကို ခင်တွယ်သလို ဦးလေးကြီး မင်းရောင်ခန့် လည်း ခင်တွယ်လိမ့်မည် ဟု တွေးသည်။ပြီးတော့
ကောက်ညှင်း နှစ်ပြန်ပေါင်းလေးနှင့် အကြော် လေးပဲ ကျွေးမည့် ဟာကို ဘာမှ ကုန်ကျတာလည်း မဟုတ်ပေ။"ခေါ်လိုက်လေ ဦးလေးကြီးရဲ့"
ကျွန်တော် ပြန်ဖြေသည့် အချိန်၌ ဦးလေးကြီး မင်းရောင်ခန့်က ရေခဲ ဘောက်စ် ကြီးထဲက ရေခဲ့ချောင်း နှစ်ချောင်းကို ထုတ်ယူနေချိန် ဖြစ်သည်။
"အွန်း
ခေါ်လိုက္မယ်။
ရော့ ဘုန်း
သရက်သီး ရေခဲချောင်း။
စားကြည့်။
ကြိုက်သွားမယ်"ပြောလည်းပြော။
ကျွန်တော့်လက်ထဲသို့လည်း ထိုင်းက ထုတ်သည့် သရက်သီး ရေခဲချောင်းကို လှမ်းပေးသည်။
YOU ARE READING
ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)
Подростковая литератураအင်း တယောက်တည်း နေသားကျနေရာကနေ သိပ်မကြာခင်ဧည့်သည်တယောက် ရောက်လာတော့မှာပဲ။ မင်းရောင်ခန့် ကျတော်က ဦးလေးကြီး အတွက် ဘယ်လိုလူမျိုးလဲ?။ ဘုန်းဇေယျာ