part (12)

5.4K 250 13
                                    

ကျွန်တော်နှင့် အိမ်ပိုင်ရှင် ဦးလေးကြီး
အပိုင်း(၁၂)
နှာခေါင်းထဲသို့ ကောက်ညှင်းနံ့က ထောင်းကနဲ ဝင်ရောက်လာပြီး
မျက်လုံးလည်း ပွင့်လာလေသည်။
အိပ်ချင်မူးတူး မျက်နှာကြီးနှင့် ထထိုင်လိုက်မိလေတော့သည်။

ကောက်ညှင်းပေါင်း မစားရသည်မှာ ဘယ်လောက်ကြာပြီလဲ မမှတ်မိတော့။မနက်၊မနက်ဆို အစောမထတာနှင့့် မစားရချေ။

အခုတော့ ကောက်ညှင်းချက်သည့် အနံ့က နှာခေါင်းကို လာလာပြီး ဆွဲဆောင်နေလေသည်။

ညတုန်းက "မနက်ဖြန်ကျရင် ပန်းခြံသွားရအောင် "ဟု ပြောခဲ့သည့် ဦးလေးကြီး၏စကားကြောင့် စိတ်လှုပ်ရှားပြီး တော်တော်နှင့် အိပ်မပျော်ခဲ့ ၊အခုမနက် မိုးလင်းခါနီးကျမှ အိပ်ပျော်သွားလေသည်။

"အဟွန်းဟွန်း မနက်ဖြန်ကျရင် ပန်းခြံသွားကြမလား ဘုန်းဇေယျာတဲ့ ချစ်စရာကြီး"

အိမ်ပိုင်ရှင် ဦးလေးကြီး၏ စကားကို လက်ခံတုန်းက လက်ခံခဲ့ပြီး ခုမှ ကျွန်တော်ရှက်နေလေသည်။

ရှက်ရှက်နှင့် အိပ်ရာထဲက ထထိုင်နေပြီး အခန်းအပြင်သို့လည်း မထွက်ရဲ၊ရေချိုးခန်းထဲသို့လည်း မသွားရဲချေ။

ဒီလိုဆိုတော့လည်း အိမ်ပိုင်ရှင် ဦးလေးကြီး ကျွန်တော့်ကို စိတ်ဝင်စားနေတာကို ရိပ်မိသလိုလိုတော့ ရှိခဲ့သည်။

သို့ပေသည့်  အိမ်ပိုင်ရှင်ဦးလေးကြီးကတွန်းလွှတ်လိုက်၊ဆွဲထားလိုက် ဖြစ်နေခဲ့သည်။အဲဒီလိုလုပ်နေရာကနေ ဘာ့ကြောင့်များ ရုတ်တရက် ရည်းစားစကား ပြောလာခဲ့ပါလိမ့်။

သူ့ကိုယ်သူ သိသွားလို့များလား။
ဒါမှမဟုတ် အဲဒီညက ကျွန်တော့် ပုံစံလေးကို ကြည့်ပြီး သူ့ရဲ့ ချစ်စိတ်တွေ ထိန်းမနိုင်၊သိမ်းမရ ပေါက်ပွားလာတာများလား။

"ဟီး"

အိပ်ရာထက်မှာ ထိုင်ကာ စိတ်ကူးယဉ်နေတုန်း ငါးရံ့ခြောက်ဖုတ်နံ့ပါ ရလာသောကြောင့် ကျွန်တော် မနေနိုင်တော့။အိမ်ပိုင်ရှင်ဦးလေးကြီး ချက်နေသည့် ကောက်ညှင်းချက်နှင့် ငါးရံ့ခြောက်ဖုတ်ကတော့ လိုက်ဖက်သည်။‌

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီး(Complete)Where stories live. Discover now