EP // 10

716 95 5
                                    

Q. Date ခဲ့တာအဆင်ပြေပါသလား?

The8 : ပြေပါတယ် Hyungကအများကြီးဂရုစိုက်ပေးပြီး အများကြီးလည်းကြင်နာပါတယ်

Dokyeom : ရုတ်တရက်Dateဖြစ်သွားပေမယ့်တကယ်ပျော်ခဲ့ရပါတယ် ဇာတ်ကားကလည်းရုံစတင်တုန်းကကြည့်ချင်ခဲ့ပေမယ့်မအားလို့မကြည့်ဖြစ်လိုက်ရတဲ့ကားဖြစ်နေတော့ ပိုပြီးတော့တောင်သဘောကျပါတယ်

Jun : ပြေပါတယ် Wonwoo ကနည်းနည်းအနေအေးပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးစကားပြောပေးနေတာတွေ့တော့ ကျေးဇူးလည်းတင်မိပါတယ်

-

Seungcheol နှင့် Jeonghan တို့လှေမစီးကြခင် နီးရာစားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ကာ မနက်စာစားကြသည်။

"ငါပြောပြမယ် ဘယ်သူကဒိတ်ကို လှေစီးကြလို့လဲ ခေါင်းမူးတယ်လေ ဘယ်သူမှမကြိုက်ကြဘူး"

"ဒါပေမယ့် မင်းကြိုက်တယ်လေ"

လှေစီးရတာခေါင်းမူးသာတာအဖတ်တင်မယ် မကောင်းကြောင်း ပြောနေသည့် Jeonghan ကို Seungcheol ကထိုသို့ပြန်ပြောသည်။

"ဘာ ငါကကြိုက်တယ် ငါကမင်းစီးတယ်ဆိုလို့သာအရင်ကလိုက်စီးပေးတာပါနော် ဟွန့်"

"လျှောက်လျှောက်ပြောပြန်ပြီ မင်းတစ်ယောက်ပဲမင်းကိုယ်တိုင်ကသဘောကျတယ်ဆိုတာမသိတာ။ လှေစီးရရင်ပြုံးဖြီးနေတဲ့ကလေးကဘယ်သူမလို့လဲ"

ထိုအချိန်မှာ စားပွဲထိုးကောင်လေးကမှာထားတဲ့ဟင်းပွဲတွေလာချတော့ ခဏလောက်စကားစပြတ်သွားကြသည်။

"ပြီးတော့ မင်းသဘောကျနေတဲ့သူရှိပြီလား"

Seungcheol က အစကတည်းကသိချင်နေသည့် မေးခွန်းကိုစမေးသည်။

"မသိဘူး"

"မင်းကိုစစရောက်တဲ့ရက်ကပြောဖူးပေမယ့် ထပ်ပြောချင်တာက အစကတည်း ကငါ့ရည်ရွယ်ချက်ကမင်းပဲ"

"တော်ပါတော့ မင်းခဏခဏပြောလို့သိပြီးပါပြီ အခုတော့အရင်စားပါတော့"

-
Reaction Host cam

"အိုမို Seungcheol nim တအားတည့်တိုးဆန်တာပဲနော် ကြိုက်ပါတယ်ရှင့်"

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now