Q. ဘယ်သူ့ကိုစာပို့ခဲ့တာလဲ?
Mingyu : သေချာနေတဲ့အဖြေပါပဲ... Hyung ကိုပါ
Jun : မနက်ဖြန်ဂျယ်ဂျူဒိုကိုအတူတူသွားရမယ့် Seokmin ကိုပို့လိုက်တာပါ
Jihoon : Kwon Soonyoung
-
main လမ်းမပေါ်၌ ညိမ့်ညိမ့်ညောင်းညောင်းမောင်းနေသည့် ကားလေးတစ်စီး။
မနက် 9နာရီလောက်မှာ စထွက်လာတဲ့ GyuShua တို့ ရဲ့ကားလေးပါပင်။ ဘယ်ဘက်ကားမောင်းသူနေရာမှာတော့ Mingyu ။ သူ၏ ညာဘက်တွင်တော့ Shua ပေါ့ ။
Mingyu မှာ ကားမောင်းတာက တစ်ဖက်၊ သူ့ညာဘက်က မျက်မှန်ကိုင်းအကြည်ရောင်လေးနှင့် အပြင်ကို ငေးနေသူ ကို တစ်ဖက် တစ်ဖက်တစ်လှည့်စီ ကြည့်ရင်း သဘောကျစွာ ပြုံးနေမိသည်။
"Shua!... Hyung!.. ဘာတွေတွေးနေတာလဲ ကျွန်တော်ပြောတာတောင်မကြားဘူး"
လမ်းတစ်ဝက်လောက်ရောက်တော့ အနီးနားမှာ pizza ဆိုင်ကောင်းလေးတစ်ဆိုင်ရှိတာကို သတိတရဖြစ်မိပြီး Shua ကို Mingyu က ဗိုက်ဆာနေမလားဟု စားမလား မေးဖို့ ခေါ်နေသော်လည်း တစ်ဖက်က သက်ဝင်ပန်းချီလေးအစ်ကိုမှာ သူခေါ်သံကိုမကြား။
"ဟင်?.. အော်.. sorry.. ၊ Hyung ... ကိုဘာပြောလိုက်တာလဲ ပြန်ပြောပါဦး"
"pizza ဆိုင်ရှေ့နားလေးလောက်မှာရှိတယ်.. Hyung ဗိုက်ဆာရင် ဝင်ပေးရမလားလို့"
"အောန်! ကောင်းတာပေါ့။ ကောင်းတာပေါ့.. ဗိုက်ဆာနေတာနဲ့အတော်ပဲ ဝင်ကြတာပေါ့ အဲ့တာဆိုရင်လည်း"
Mingyu ခေါင်းပဲအသာတကြည်ငြိမ့်လိုက်လေသည်။ ဟူး EX အကြောင်းတွေးနေတာများကြောင့် သူခေါ်သံကိုမကြားတာများလားဟု Mingyu လည်း အတွေးများမိလေသည်။
Pizza ဆိုင်ရောက်တော့ Mingyu က ကားပါကင်ကို ကျွမ်းကျင်စွာထိုးလေသည်။ ထို့နောက် နှစ်ယောက်သား ကောင်တာစီကို pizza တစ်ချပ်၊အအေးနှစ်ခွက် မှာကာ ထိုင်ခုံရှိရာနေရာကို ထိုင်စေသည်။
"Hyung.. ကျွန်တော်လေ တစ်ခုနှစ်ခုသုံးလေးခုလောက် မေးရင်စိတ်ဆိုးမှာလား"
"ဟင် ..ဘယ်လိုကြီးလဲ တစ်ခုလောက်မေးရင်စိတ်ဆိုးမှာလားလဲမဟုတ်ဘူး တစ်ခုနှစ်ခုသုံးလေးခုကတော့ တစ်ခါမှမကြားဖူးဘူး.."
YOU ARE READING
EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)
FanfictionEX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း) Episode 24 အဆုံးမသတ်ချင်သေးတဲ့သူတွေရှိသလို ၊ ဆက်ပြီးအစမဖော်ချင်တော့တဲ့သူတွေလဲရှိတယ်။ မလွှတ်ပေးချင်ပဲလွှတ်ပေးလိုက်ရပြီးလမ်းခွဲခဲ့ကြရတဲ့သူတွေရှိသလို ၊ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲအဆင်ပြေပြေလမ်းခွဲခဲ့က...