EP // 3

857 116 11
                                    

Q. မျက်စိထဲအမြင် သဘောကျမိတဲ့သူရှိပါသလား?

Joshua : Jeonghan.. ?

Mingyu : Wonwoo? Wonwoo nimကို နည်းနည်းတော့ပိုကြည့်မိတယ်ထင်တယ် အနီးကပ်ကြည့်မိတော့ တကယ်ချောပါတယ် ကျွန်တော့် ideal type မဟုတ်ပေမယ့်..

Seokmin : Vernon ။ ဒီတိုင်း ရုပ်ကနိုင်ငံခြားသားရုပ်ပေါက်လို့ သဘောကျမိတယ်ထင်တယ် တော်တော်လဲချောတယ်လေ

_________________________

"အာညော် အခုမှအသစ်ပါဝင်လာတဲ့ Vernon ပါ"

"ဝိုး နိုင်ငံခြားသားနဲ့တူလိုက်တာ"

Hoshi ပြောသည့်စကားသည့်အားလုံးအပေါ်ဖုံးလွှမ်းသွားတော့သည်။ Vernon ကတော့ကြားပြီးရယ်မိသည်။

"နိုင်ငံခြားသားပါ တစ်မျိုးပြောရရင်ကပြားပေါ့"

"အော် အဲ့တာမလို့တူတာကိုး ဒါပေမယ့် ကိုရီးယားစကားပြောတာတော်တော်လေးတော်တယ်နော်"

"လာ လာ လာ စကားနောက်မှ အထဲအရင်ဝင်ရအောင်"

-

အားလုံးက ဝိုင်သောက်နိုင်တဲ့သူကဝိုင် ယူ မသောက်နိုင်တဲ့သူအချိုရည်ပဲယူကာ ဒုတိယထပ်က ဆိုဖာတွေရှိတဲ့နေရာသို့ယူသွားကြသည်။

"ဒါနဲ့ ကျွန်တော့်မှာ စာအိတ်တစ်အိတ်ပါလာတယ်"

Vernon စလိုက်တဲ့စကားကြောင့် အားလုံးရဲ့အကြည့်က Vernon ပေါ်ရောက်သွားကြတော့သည်။

"အယ် အဲ့တာဆိုဖောက်ရမှာပေါ့"

"Vernon ssi ပဲဖတ်လိုက်ပါ"

" အခုချိန်ကစပြီး အားလုံးလွတ်လပ်စွာ အလုပ်အကိုင်ဖော်ထုတ်လို့ရပါပြီ"

အားလုံးက အချင်းချင်းကြည့်ကြကာ ခေါင်းငြိမ့်မိကြသည်။

"အဲ့တာဆို ထောင့်စွန်းမှာထိုင်နေတဲ့ Vernon ကပဲ မိတ်ဆက်ပါလား ကျန်တဲ့သူတွေလဲအလှည့်ကြပေါ့"

ရုတ်တရက်ကြီး တရင်းတနှီး Vernon ဟုထခေါ်သည့် Seungcheol စကားကြောင့် တချို့က Vernon ရဲ့ Ex က Seungcheol များလားဟု တွေးနေကြတော့သည်။

" Vernon ပါ Hansol လို့လဲ ခေါ်လို့ရပါတယ် အလုပ်အကိုင်ကတော့ Studio တစ်ခုမှာ Photographer ပါ အဓိက Idol တွေကို ရိုက်တာများပါတယ် "

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now