Q. Ex အတွဲတွေလို့ထင်မိတဲ့သူရှိလား?
Joshua : မရှိပဲနေမလားဗျာ အများကြီးပေါ့။ ကျွန်တော်နဲ့ကျွန်တော့်Exကလွဲပြီး ကျန်တဲ့သူတွေထဲက အကုန်လုံးနီးပါးကို အချင်းချင်း Exတွေလို့ ထင်မိပါတယ်။
Jun : ကျွန်တော်က အဲ့တာတွေသိပ်မတွေးလို့ ထင်မိတဲ့သူဆိုပြီးတော့မရှိပါဘူး။
Seungcheol : ရှိပါတယ် ဒါပေမယ့် မမှန်ရင်ရှက်စရာကြီးမလို့ ပြောတော့မပြောတော့ပါဘူး
-
"သွားကြတော့မလား 8 saa"
"ကျွန်တော် အဝတ်လဲလိုက်ဦးမယ်"
ဒိတ်လုပ်ဖို့ ပြင်ဆင်နေကြတဲ့ Joshua နှင့် The8
"အွန်း ဒါဆို ကားပေါ်မှာစောင့်နေမယ်နော်"
8 ကခေါင်းငြိမ့်ပြပြီး သဘောတူကြောင်း ပြသည်။
ခဏအကြာတွင်တော့ The8 ရော Shua ရော ကားပေါ်တွင်စုံကြသည်။
"အဲ့တာဆို စထွက်ပါပြီ"
"ဒါနဲ့ ဘယ်သွားမှာလဲဟင် Shua ssi?"
"Lotte World"
"First Date ကမိုက်လှချည်လား ပျင်းနေလို့ Exအကြောင်းနည်းနည်းပါးပါးပြောပြပါလားဟင်"
"ပျင်းနေလို့လား ပျင်းနေတယ်ဆိုရင်လည်းပြောပြပါ့မယ်"
"ကိုယ့် Exနဲ့ကိုယ်က တက္ကသိုလ်ကျောင်းသားဘဝတုန်းကစတွဲခဲ့တာ အဲ့တုန်းကငယ်သေးတော့ ထူးထူးခြားခြားလဲမဒိတ်ဖြစ်ဘူး Lotte World ကိုပဲ သူသွားချင်တဲ့အချိန်တိုင်း သွားပြီးဒိတ်ဖြစ်ကြတယ်။အဲ့တာ တွဲပြီး အတော်လေးအကြာမှာ ဟိုဟိုဒီဒီကိစ္စတွေကြောင့် လမ်းခွဲဖို့ဖြစ်လာတာ ဒါပါပဲ"
The8 က Joshuaရဲ့Exအကြောင်းနားထောင်ပြီး နောက်သူ့ Exအကြောင်းလဲပြောပြသည်။
"ကျွန်တော်နဲ့ကျွန်တော်Exကကြ အစက သူငယ်ချင်းတွေပါ။ တွဲခဲ့တာလဲတော်တော်ကြာပြီ အခုဆို ဘယ်နှခုနှစ်ကတွဲခဲ့ဖြစ်ကြမှန်း မှတ်တောင်မမှတ်မိတော့ဘူး။ သူက program တစ်ခုမှာလူလိုလို့ဆိုပြီး ခေါ်လို့သာလိုက်လာခဲ့တာရယ်။ တွဲဖြစ်ခဲ့တဲ့အကြောင်းက ဒီတိုင်း ငယ်တုန်းရွယ်တုန်းမို့ စိတ်ခံစားချက်တွေအမှားအယွင်းကောက်ချက်ချမိပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိနေတယ်ထင်ခဲ့မိကြတာ တကယ်တော့ တွဲတာ လပိုင်းလောက်ကြာတော့ ကျွန်တော်တို့က ဒီတိုင်း Soulmate လိုပဲ အခြားအတွဲလိုမျိုး တစ်ယောက်တစ်ယောက်လည်း တအားချစ်နေကြတာမဟုတ်ဘူးဆိုတာသေချာသဘောပေါက်ကြတယ်။ အဲ့တာမလို့ နှစ်ယောက်သား လမ်းခွဲစဆိုတဲ့သူဆိုပြီး မရှိဘူး အဆင်ပြေပြေနဲ့ ရည်းစားမဟုတ်ပဲ သူငယ်ချင်းအဖြစ်ဆက်ရှိနေကြတာ။ အခုထိပဲ သူနဲ့စကားပြောရမှာပျင်းလို့သာ စကားမပြောဖြစ်တာ ခုထိခင်သေးတယ်ဆိုပါစို့"
YOU ARE READING
EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)
FanficEX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း) Episode 24 အဆုံးမသတ်ချင်သေးတဲ့သူတွေရှိသလို ၊ ဆက်ပြီးအစမဖော်ချင်တော့တဲ့သူတွေလဲရှိတယ်။ မလွှတ်ပေးချင်ပဲလွှတ်ပေးလိုက်ရပြီးလမ်းခွဲခဲ့ကြရတဲ့သူတွေရှိသလို ၊ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲအဆင်ပြေပြေလမ်းခွဲခဲ့က...