Q. အားလုံးနဲ့ပတ်သတ်ပြီး First impressions လေးမျှဝေပေးနိုင်မလား?
Chan : အိုး ပထမဆုံးimpressions ဆိုတော့ မဆိုးပါဘူး အားလုံးက လှိုက်လှိုက်လှဲလှဲကြိုဆိုပေးကြသလိုခံစားရတယ်။ ကျွန်တော်လည်းတကယ်အဲ့အချိန်မှာ အားလုံးရောက်နှင့်ပြီးသားတွေ့တော့လန့်သွားပေမယ့် အားလုံးကရှင်းပြတာတို့မိတ်ဆက်တာတို့ပြောပြတာတို့တော့လုပ်ပေးကြပါတယ်။ အကုန်လုံးသဘောကောင်းတယ်လို့ထင်မိပါတယ်တယ်လို့ထင်မိပါတယ်
Jihoon : ကောင်းပါတယ်။ တွေ့တာမကြာသေးပေမယ့် တအားရင်းနှီးသလိုတောင်ဖြစ်နေပါပြီ
-
အားလုံး ဟိုပြောဒီပြောနှင့် ပုံသေမရှိသည့်စကားဝိုင်းမှာ ည11နာရီမှပင် လူစုခွဲမိကြသည်။ သို့ပေမယ့် အချို့ကဝင်အိပ်ကြသော်လည်း အချို့ကတော့ဝင်မအိပ်ဖြစ်သေးကြပေ။
11:11 PM
"Hoon-na~ မအိပ်သေးဘူးလား"
အသီးသီးလူစုကွဲသွားကြသော်လည်း ခုချိန်ထိစားပွဲဝိုင်းမှာ အရက်ထိုင်သောက်နေတဲ့ Hoshi က ရေချိုးပြီးထွက်လာတဲ့Jihoonကိုတွေ့တော့ ဝမ်းပမ်းတသာဖြင့် ပြုံးကာပြောလာသည်။
"အွန်း အခုအိပ်တော့မှာပါ ရေလာသောက်တာ"
"အရင်ခေါင်းခြောက်အောင်သုတ်ပြီးမှအိပ်နော် ခုမှရေချိုးလာတော့ခေါင်းတွေစိုနေတုန်းပဲ"
"-ဒါနဲ့မင်း ဘယ်မှာအိပ်မှာလဲ?"
"ဒုတိယထပ်ကMingyuတို့အခန်း.."
ပြောပြီးအနည်းငယ်လောက်တော့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာရပ်တန့်သွားမိပြီးတိတ်ဆိတ်သွားကြတော့သည်။
ခဏလောက်အကြာကြမှသူတို့နှစ်ယောက်ကြားကတိတ်ဆိတ်မှုကိုJihoonကိုယ်တိုင်ကပဲဖြိုခွင်းလိုက်ဆတာ့၏။
"မင်းလည်းမူးနေပြီ အခန်းပြန်တော့ ငါလည်းဝင်အိပ်တော့မယ်။ မနက်ဖြန်တွေ့မယ်"
Jihoon ထိုင်ခုံပေါ်ကထိုင်ရာကနေထထွက်မယ်အလုပ် Hoshiကလက်တစ်ဖက်ကိုလှမ်းဆွဲကာကိုင်လိုက်သည်။ပြီးတော့3စက္ကန့်လောက်သာJihoonမျက်လုံးကိုကြည့်ကာလက်လွှတ်ပေးလိုက်သည်။
YOU ARE READING
EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)
FanficEX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း) Episode 24 အဆုံးမသတ်ချင်သေးတဲ့သူတွေရှိသလို ၊ ဆက်ပြီးအစမဖော်ချင်တော့တဲ့သူတွေလဲရှိတယ်။ မလွှတ်ပေးချင်ပဲလွှတ်ပေးလိုက်ရပြီးလမ်းခွဲခဲ့ကြရတဲ့သူတွေရှိသလို ၊ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲအဆင်ပြေပြေလမ်းခွဲခဲ့က...