Q. ဂျယ်ဂျူဒို ပထမဆုံးဒိတ်မှာ အဆင်ပြေခဲ့လား? နှမြောခဲ့ရတာရောရှိလား?
Jun : မရှိပါဘူးနှမြောခဲ့တာဆိုရင်တော့
Seungcheol : သေချာပေါက်အဆင်ပြေခဲ့တာပေါ့ EX နဲ့အတူရှိရတဲ့အချိန်ရတာမလို့ ကျွန်တော်ကတော့ပျော်ပါတယ်... နည်းနည်းကတောက်ကဆလေးတော့ဖြစ်သွားခဲ့ပေမယ့်လို့ပေါ့
Joshua : အဆင်ပြေပါတယ်။ ဟိုတစ်တွဲကိုလည်းစိတ်ရင်းနဲ့အဆင်ပြေစေချင်လို့ ခဏခဏရှောင်ပေးခဲ့ရတာလည်းပျော်ဖို့ကောင်းခဲ့ပါတယ်
-
Shua တို့ Mingyu တို့ ပျော်နေချိန် မပျော်သူတို့မှာ ကျန်သည့်နှစ်ယောက်။ waterslides ကဆင်းပြီးကတည်းက Jeonghan ကစိတ်ဆိုးပြီး ဘာမှမစီးတော့ဘူးဟု ပြောလာသည်။ စိတ်လည်းအတော်လေးတိုသွားပုံပေါက်လေ၏။
ယခုလက်ရှိမှာတော့ Jeonghan က တစ်ယောက်တည်း waterslides ဘေးမှာရှိသည့် ထိုင်ခုံနှင့်စားပွဲခုံတွဲလျက် ခုံလေးမှာ နေရာယူဝင်ထိုင်နေလေသည်။ တအောင့်ကြာစေတော့ Seungcheol က တဘက်အဖြူသုံးထည်ယူလာပြီး Jeonghan ရဲ့ပုခုံးပေါ်တစ်ထည်၊ Jeonghan ရဲ့ ပေါင်ပေါ်တစ်ထည်၊ Jeonghanဘေးနားလေးမှာတစ်ထည် ဖြင့် သုံးထည်လုံးကို နေရာယူချပေးလိုက်သည်။ ထို့နောက်သူလည်း ထိုင်ခုံတစ်ခုံပေါ်ဝင်ထိုင်လိုက်သည်။
Seungcheol လည်းထိုင်ပြီးတော့ စိတ်လေးတစ်ခုချမ်းသာသွားသည်။ ဘာလို့ဆို Jeonghan က တဘက်တွေကိုလွှင့်မပစ်လိုက်ဘူးမဟုတ်လား။ Hannie ရဲ့စိတ်လက်တောက်လောက်လေးကိုသူကောင်းကောင်းကြီးသိတာပေါ့။
သူစိတ်ရှိတိုင်းသာဆို အရှေ့ကိုလွှင့်ပစ်ပြီးနေပြီ။ အရှေ့မှာလည်းဘာရှိမှာလည်း ရေကန်ကြီးပဲရှိတော့ တဘက်တွေရေစိုသွားမည်လေ။ အခုတောင် ရရှိခဲ့သည့် တဘက်သုံးထည်ကို သက်ဆိုင်ရာနေရာကနေ ခခယယနှင့်တောင်းလာရသည်။ သူတို့က တစ်ယောက်ဆိုတစ်ထည်လောက်ပဲပေးချင်ကြတာဆိုပေမယ့် Jeonghan က အအေးတအားကြောက်ပြီး ခိုက်ခိုက်တုန်အောင်ချမ်းတတ်သူမို့ ရအောင်တောင်းလာခဲ့ရသည်။
YOU ARE READING
EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)
FanfictionEX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း) Episode 24 အဆုံးမသတ်ချင်သေးတဲ့သူတွေရှိသလို ၊ ဆက်ပြီးအစမဖော်ချင်တော့တဲ့သူတွေလဲရှိတယ်။ မလွှတ်ပေးချင်ပဲလွှတ်ပေးလိုက်ရပြီးလမ်းခွဲခဲ့ကြရတဲ့သူတွေရှိသလို ၊ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲအဆင်ပြေပြေလမ်းခွဲခဲ့က...