EP // 13

700 103 9
                                    

Q. EX နဲ့အခြေအနေဘယ်လိုလဲ? စကားပြောဖြစ်ကြလား?

Jun : သူကလဲစကားနည်းတဲ့သူမလို့မပြောဖြစ်ပါဘူး

Jeonghan : သူကအမြဲလာပြောပါတယ် တစ်ခန်းထဲနေရတာမလို့ခဏခဏလည်းပြောဖြစ်ပါတယ်

Chan : အိုး.. သူကလာတော့ပြောပါတယ် ပထမဆုံးရောက်တဲ့နေ့ကတည်းက။ဆက်ဆံရေးကအရမ်းကြီးအခြေအနေမဆိုးပေမယ့် နှစ်ယောက်တည်းစကားပြောတဲ့အချိန်တော့ကသိကအောက်တော့နည်းနည်းဖြစ်ပါတယ်။

-

"Hoshi Hyung.. မအိပ်သေးဘူးလား 12နာရီတောင်ကျော်ပြီ"

Jihoon ထွက်သွားပြီး နာရီဝက်ကျော်ကျော်လောက်အကြာတွင် Mingyu က အောက်သို့ရေသောက်ဆင်းရင်း မီးဖိုချောင်ကစားပွဲပေါ်မှာမှိုင်မှိုင်လေး‌ထိုင်နေတဲ့ Hoshi ကိုတွေ့ကာ ထိုစကားဆိုလာသည်။

"အင်း မအိပ်ဖြစ်သေးဘူး"

"တွေးစရာတွေများနေတဲ့ပုံပဲ ပြဿနာတစ်ခုခုရှိလို့လား"

"ဒီလိုပါပဲကွာ.. ဟဟ မင်းကဘာလဲ ငါ့တွေးပူနေတာလား"

Hoshi ကတော့စကားကိုရယ်ကာသာပြန်ဖြေလိုက်သော်လည်း Mingyu ကတော့ အရိပ်အကဲနားလည်တတ်သည့်သူဖြစ်သည်မလို့ နားလည်လိုက်တော့သည်။ သူ့ရဲ့ ဒီအစ်ကို ရည်းစားအပူမဟုတ်ပဲEXအပူမိနေသည်ပင်။

"အချိန်တွေအများကြီးကျန်ပါသေးတယ်ဗျာ အကောင်းဆုံးအခြေအနေကိုပဲတွေးပြီး အကောင်းဆုံးရွေးချယ်မှု့ကိုယုံကြည်ပြီးလုပ်တာမှန်တယ်လို့ပဲ ကျွန်တော်တော့ထင်တယ် ဝှိုက်တင်းပါ ဒီ့ထက်ပိုပြီးတော့မနှစ်သိမ့်ပေးတတ်တော့လို့။ ဘိုင့်ဘိုင် ကျွန်တော်သွားတော့မယ်"

Mingyu က သူ့စိတ်ထဲမှာရှိနေသည့်အရာကိုသာ ပြတ်ပြတ်သားသားပြောသွားပြီး Hoshi ကို wink လုပ်ပြပြီးနောက် အပေါ်သို့တက်သွားတော့သည်။

-

"Wonwoo Hyung ဟိုလေ မေးစရာရှိလို့"

ပထမထပ်က The8,Jun,Wonwoo,Chan တို့အခန်းတွင် The8 နဲ့ Jun ကအိပ်မောကျနေပြီဖြစ်ပြီး Chan က သူ့ကုတင်ဘေးတွင် ဖုန်းသုံးနေသည့် Wonwoo ကစကားစလိုက်လေသည်။

"အွန်း ‌မေးလေ"

"ဒီလိုပေါ့နော် ဒီအစီအစဉ်စရိုက်ကူးတာ3ရက်မြောက်နေ့ဖြစ်ပြီး အခုမန်ဘာကကျွန်တော်အပါအဝင်13ယောက် ပြီးတော့ ဒိတ်ကတော့တစ်ခုပဲလုပ်ရသေးတယ် ညနေခင်းတိုင်း စာပို့ရတယ် ပြီးတော့ ဒီထဲမှာအားလုံးကEXအတွဲတွေကိုယ်စီနဲ့ ဟုတ်တယ်မလား"

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now