EP // 21

753 93 10
                                    

Q. Jejudo Matching ရဲ့ရလဒ်ကိုကျေနပ်ပါသလား? သဘောကျလား?

Vernon : nae

Wonwoo : ဒါပေါ့။ နှစ်ဦးနှစ်ဖက်သဘောတူမှဖြစ်ကြတာဆိုတော့ သဘောမကျစရာအကြောင်းလည်းမရှိဘူးလေ..

Jeonghan : ...

-

Jejudo ဗီလာ မှာနောက်ဆုံးတော့လူစုံတက်စုံရောက်နှင့်ကြပြီးဖြစ်သည်။

လူစုံမှ ဗီလာ ပတ်ပတ်လည်‌လျှောက်ပတ်ကြည့်ကြမယ်ဆိုပြီး သဘောတူညီမှု့ယူထားကြသည်မလို့ နောက်ဆုံးအတွဲရောက်သည်အထိစောင့်ကြလေ၏။ 7နာရီအနည်းငယ်စွန်းသော် နောက်ဆုံးကျန်သည့် အကြီးဆုံးနှစ်ယောက်ရောက်လာကြသည်။

"လာလာ Hyungတို့ပဲကျန်တော့တယ်"

အကြီးနှစ်ယောက်ကအထုတ်အပိုးတွေနဲ့ဝင်လာတော့ ငယ်ဆုံးလေးက ဝမ်းပန်းတသာနဲ့ အထုတ်ကူဆွဲကာ ချိုမြိန်တဲ့အပြုံးဖြင့်ကြိုဆိုသည်။

ရောက်ရောက်ချင်း လူအမှတ်စဉ်ကို Seungcheol ကရေပြီး ပြောသည်။

"ကလေးတွေလူတောင်စုံနေကြပြီ။ ငါတို့တွေ ထွက်တာမဆိုသလောက်နောက်ကျသွားလို့ ရောက်တာလည်းနောက်ကျသွားတယ်ကွာ.."

"အပိုတွေ။ Jeonghan Hyung အိပ်ပျော်နေလို့စောင့်နေတာကို မသိရင်ခက်မယ်.." ဒီစကားကတော့ မကြားပြောသလိုနှင့် အကုန်ကြားနိုင်တဲ့အသံဖြင့် ပြောလိုက်တဲ့ Jun ရဲ့မှန်ကန်လှသည့်စကားပင်။

Choi အစ်ကိုကြီး၊ Yoon အလှလေးကို အင်မတန်မှနစ်ဝင်ကာ ဖောလင်းအင်လပ် နေတာကို တလောကလုံးကသိနှင့်ပြီးသားဆိုတော့ အကုန်လုံးက လမ်းကြုံရင်ကြုံသလို ဝင်ဆော်ပြီး စ, ပါလေ၏။

Yoon Jeonghan လည်း တစ်နေ့တော့ ပြန်လက်ခံပါစေ လို့တွေးရင်း Seungcheol သက်ပြင်းချကာပြုံးလိုက်သည်။

ထို့နောက် အားလုံးက မနက်ဖြန်ဘာလုပ်ကြမယ်၊ ဘယ်သွားကြမယ် စပြီးအစီအစဉ်တွေ၊လုပ်ချင်‌တာတွေထုတ်ကာပြောကြသည်။

"ကျွန်တော် ကျွန်တော်က ဂျယ်ဂျူဒိုမှာနာမည်ကြီးတဲ့လေ Momguk သွားစားချင်တာ။ တစ်ယောက်ယောက် စိတ်ဝင်စားတာမျိုးရှိကြလားမသိဘူး Hyung တို့!"
( Momguk : seaweed soup တစ်မျိုး)

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now