Q. Ex ရေးပေးတဲ့စာနဲ့ပတ်သတ်ပြီးဘယ်လိုသဘောရလဲ?။
Mingyu : ကျွန်တော်ကတော့ဘာလိုမှသဘောမရပါဘူး။တစ်ဖက်ကလဲကျွန်တော်နဲ့ပြန်တွေ့ချင်တဲ့သဘောမျိုးလဲမတွေ့ရတာတွေ့တော့ပျော်မိတာအမှန်ပါ ဒါပါပဲ။
Hoshi : အော်...အရင်အတိုင်းပဲဘာမှမပြောင်းလဲပဲ လျစ်လျူရှုထားတုန်းပဲပေါ့?
Seungkwan : စာဖတ်မိတော့ကျွန်တော်ငိုတောင်ငိုမိသွားတယ်ထင်တယ်... တကယ်တော့ Ex က စိတ်ထားလှတဲ့သူပါ။
___________________________
Seungcheol ပြီးတော့ The8 ကဆက်ပြီးဖတ်လေသည်။
"8 saaကအနေအေးပါတယ် အဲ့တာမလို့ ဘေးကနေစကားတွေတဖွဖွပြောပေးနိုင်တဲ့သူနဲ့မှကိုက်မယ်ထင်ပါတယ် ကျွန်တော့်လိုမျိုးပေါ့။8 saaကသူအလုပ်ဆင်းလို့လာကြိုရင်တော်တော်လေးကြိုက်ပါတယ်။အစားအသောက်ဂျီးမများပါဘူး but ဒူးရင်းသီးတအားမုန်းပါတယ် တရုတ်အစားအသောက်တွေအများဆုံးစားလေ့လည်းရှိပါတယ်။ သန်မာတဲ့ကောင်လေးပေမယ့်နူးနူးညံ့ညံ့လေးမို့ပိုးမွေးသလိုချစ်ပေးစေချင်ပါတယ်။"
စာဖတ်ပြီးပြီးချင်းရုတ်တရက်စုံမိလိုက်တဲ့ မျက်လုံးနှစ်စုံ။ဘယ်သူများလဲ?
"အဲ့တာဆို ကျွန်တော်ဖတ်ပါမယ်နော်.. Dokyeomie ကအသေးစိတ်ကအစသေချာလေးလိုက်ဂရုစိုက်ပေးတတ်တဲ့သူပါ။လူကောင်းနဲ့ပဲတွေ့စေချင်ပါတယ်...အများကြီးပျော်ရွှင်အောင်ထားပေးပါ။"
Dokyeom ကဖတ်ပြီးတော့မျက်လုံးတွေနီလာအောင်ငိုမိသည်။တစိမ့်စိမ့်တွေးပြီးပိုပိုငိုမိလာတော့သည်။
_______________________
Interview cam
Q. Ex ရေးပေးတဲ့စာကိုဖတ်ပြီးမှမျက်ရည်တွေတစ်ဖြည်းဖြည်းကျလာတဲ့အကြောင်းအရင်းလေးများရှိပါသလား?။
YOU ARE READING
EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)
FanfictionEX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း) Episode 24 အဆုံးမသတ်ချင်သေးတဲ့သူတွေရှိသလို ၊ ဆက်ပြီးအစမဖော်ချင်တော့တဲ့သူတွေလဲရှိတယ်။ မလွှတ်ပေးချင်ပဲလွှတ်ပေးလိုက်ရပြီးလမ်းခွဲခဲ့ကြရတဲ့သူတွေရှိသလို ၊ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲအဆင်ပြေပြေလမ်းခွဲခဲ့က...